မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၈၂

ယေရှုက တပည့်တွေကို ဆုတောင်းတတ်ဖို့ သင်ပေး

ယေရှုက တပည့်တွေကို ဆုတောင်းတတ်ဖို့ သင်ပေး

ဖာရိရှဲ​တွေ လုပ်​သမျှ​ဟာ လူ​အထင်ကြီး​ခံ​ချင်​လို့ပဲ။ လူတွေ သတိထားမိအောင် သနားကြင်နာကြတယ်။ ဆုတောင်းချက် အရှည်ကြီး​တွေကို အလွတ်ကျက်​ထားပြီး လူအများကြီးရှိတဲ့ တရားဇရပ်​တွေ၊ လမ်းဆုံ​လမ်းဝ​တွေမှာ ထပ်ခါထပ်ခါ အသံ​ကျယ်ကျယ် ရွတ်ဆို​တ​ယ်။ ဒါကြောင့် ယေရှုက ‘ဖာရိရှဲ​တွေလို ဆု​မ​တောင်း​နဲ့။ စကားလုံး အများကြီး​သုံး​မှ ဘုရား သဘောကျ​မယ်လို့ သူတို့​ထင်​တ​ယ်။ အဲဒီလို​မဟုတ်ဘူး။ ဆုတောင်း​တယ်ဆိုတာ နှစ်ကိုယ်ကြား​ပဲ။ တစ်မျိုးတည်း ထပ်ခါထပ်ခါ မပြော​နဲ့။ ယေဟောဝါက ကိုယ့်​ခံစားချက်​အတိုင်း ဆုတောင်း​တာ​ကို ကြိုက်​တ​ယ်။

‘ဒီလို ဆုတောင်း​ရမယ်– “ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့​အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်​ပါစေ။ နိုင်ငံ​တော် လာပါစေ။ အလိုတော်​ဟာ ကောင်းကင်မှာ ပြည့်စုံ​သလို ကမ္ဘာမြေ​မှာလည်း ပြည့်စုံပါစေ။”’ ဒီနေ့​အတွက် အစာကို ပေးဖို့၊ အပြစ်​တွေကို ခွင့်လွှတ်​ဖို့​နဲ့ ကိုယ့်​ကိစ္စတွေ​အတွက် ဆုတောင်း​လို့​ရတယ်​ဆိုပြီး ယေရှု​ပြောတယ်။

‘တောင်း​မြဲ​တောင်း​ပါ။ ကောင်းတဲ့အရာ​တွေကို​ပေးဖို့ အဖ​ယေဟောဝါကို တောင်း​နေ​ပါ။ ဘယ်​မိဘ​မဆို ကိုယ့်​ကလေးကို အကောင်း​တွေပဲ ပေးချင်​တာ။ သားက မုန့်​ကို​တောင်း​ရင် မိဘက ကျောက်ခဲ ပေး​ပါ့​မလား။ ငါး​ကို​တောင်း​ရင် မြွေ​ကို ပေး​ပါ့​မလား’ လို့ ယေရှု​ပြောတယ်။

ပြီးတော့ ဒီလို​ရှင်းပြ​တ​ယ်- ‘ခင်ဗျား​က ကလေးတွေကို ကောင်းတဲ့အရာ​တွေ ပေး​တတ်ရင် အဖ​ယေဟောဝါက သန့်ရှင်းသောစွမ်းအားတော်​ကို ပေးမယ် မဟုတ်လား။ ဆုတောင်း​ဖို့​ပဲ လိုတာ။’ ယေရှု​ပြောတဲ့​အတိုင်း ဆုတောင်း​နေကြ​သလား။ ဆုတောင်း​တဲ့အခါ ဘာတွေထည့်တောင်းသလဲ။

“တောင်း​မြဲ​တောင်း​ပါ၊ ရ​လိမ့်မယ်။ ရှာ​မြဲ​ရှာ​ပါ၊ တွေ့​လိမ့်မယ်။ ခေါက်မြဲခေါက်ပါ၊ တံခါးပွင့်လာလိမ့်မယ်။”—မဿဲ ၇:၇