မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၈၈

ယေရှုကို ဖမ်းဆီးကြ

ယေရှုကို ဖမ်းဆီးကြ

ယေရှုနဲ့​ တမန်တော်​တွေဟာ ကိ​ဒြုန်​ချိုင့်ဝှမ်း​ကို​ ဖြတ်​ပြီး သံလွင်တောင်​ပေါ် တက်သွားကြတယ်။ အဲဒီအချိန်​က သန်း​ခေါင်း​ကျော်​ပြီ။ လ​ပြည့်​ည​လည်း ဖြစ်တယ်။ ဂေသရှေမန်​ဥယျာဉ်​ကို ရောက်တဲ့​အခါ ယေရှုက သူတို့ကို “ဒီ​မှာ နေ​ခဲ့ကြ​ဦး။ သတိ​နဲ့​စောင့်နေ​ကြပါ” လို့ပြောတယ်။ ပြီးတော့ ရှေ့​နား​လေး ဆက်သွား​ပြီး ပျပ်ဝပ်​ရင်း “အဖ​ရဲ့​ဆန္ဒ​အတိုင်းသာ ဖြစ်ပါစေ” လို့​ဆုတောင်း​တ​ယ်။ အဲဒီနောက် ယေဟောဝါက ယေရှုကို အားပေးဖို့ ကောင်းကင်တမန်​တစ်ပါး စေလွှတ်​လိုက်တယ်။ တမန်တော်​တွေဆီ ယေရှု ပြန်သွား​တဲ့အခါ သုံးယောက်​သား အိပ်​နေတာကို မြင်​လိုက်တယ်။ ဒါနဲ့ ယေရှုက ‘ထ​ကြ​တော့။ ဒီ​အချိန်​ဟာ အိပ်နေရ​မယ့်​အချိန် မဟုတ်ဘူး။ ကျွန်တော့်ကို ရန်သူ​လက်ထဲ အပ်​မယ့်​အချိန် ရောက်​ပြီ’ လို့ပြောတယ်။

မကြာခင်​မှာပဲ တုတ်​တွေ၊ ဓါး​တွေကို​င်​လာတဲ့ လူအုပ်​ကို ယုဒ ဦးဆောင်​ပြီး ရောက်လာတယ်။ ဒီ​ဥယျာဉ်​ကို လာ​နေ​ကျ​ဆိုတော့ ယေရှု ဘယ်မှာ​ရှိမယ်​ဆိုတာ သူ​သိတယ်။ ယေရှုဟာ ဘယ်သူဘယ်ဝါ​ဖြစ်တယ်​ဆိုတာ ပြ​ပေးမယ်လို့ စစ်သားတွေ​ကို သူ​ပြောထားတယ်။ ယေရှုဆီ သူတန်း​သွားပြီး “ဆရာ၊ မင်္ဂလာ​ပါ” ဆိုပြီး နမ်း​လိုက်တယ်။ ဒါနဲ့ ယေရှုက ‘ယုဒ၊ ကျွန်တော့်ကိုနမ်းပြီး သစ္စာဖောက်​လိုက်တာ​ပေါ့’ လို့ပြော​လိုက်တယ်၊။

ဒီ​နောက် ယေရှု ရှေ့​တိုး​ပြီး “ဘယ်သူ့​ကို ရှာ​နေ​တာလဲ” လို့ လူအုပ်​ကို မေးလိုက်​တ​ယ်။ “နာဇရက်မြို့သား ယေရှုကို ရှာ​နေတာ” လို့ သူတို့​ဖြေ​တော့ ယေရှုက “ကျွန်တော်ဟာ ယေရှု​ပဲ” လို့ပြော​တာနဲ့ လူတွေ​က နောက်​ကို​ဆုတ်​ပြီး လဲကျ​ကုန်​တ​ယ်။ လူအုပ်​ကို ယေရှု နောက်​တစ်ကြိမ် ဒီလို​ထပ်​မေးတယ်- “ဘယ်သူ့​ကို ရှာ​နေ​တာလဲ။” ဒါနဲ့ သူတို့က “နာဇရက်မြို့သား ယေရှုကို ရှာနေတာ” လို့ ပြန်ဖြေ​တော့ ယေရှုက “ကျွန်တော်ဟာ ယေရှု​ပါ​လို့ ပြောပြီး​ပြီ​ပဲ။ ကျွန်တော့်ကို ရှာ​နေတာ​ဆိုရင် သူတို့​တွေ သွား​ပါစေ” လို့ပြောတယ်။

ဘာဖြစ်​နေမှန်း ပေတရု ရိပ်မိ​တဲ့အခါ ပါ​လာတဲ့​ဓားကို ဆွဲထုတ်​ပြီး ပုရောဟိတ်မင်း​ရဲ့​ကျွန် မာ​လ​ခု​ကို ခုတ်​လိုက်တာ နားရွက်​ပြတ်​သွားတယ်။ ယေရှုက ချက်ချင်း​ပဲ နား​ကို​တို့​ပြီး ကုပေး​လိုက်တယ်။ ပြီးတော့ ပေတရု​ကို “ဓား​ကို ဓား​အိမ်ထဲ ပြန်​ထည့်​လိုက်ပါ။ ဓားကို​ကိုင်​တဲ့​သူက ဓား​နဲ့​ပဲ သေဆုံး​ရ​လိမ့်မယ်” လို့ပြောတယ်။ ဒီ​နောက် စစ်သားတွေ​က ယေရှုကို ဖမ်းဆီး​ပြီး လက်တွေ​ကို ချည်နှောင်​လိုက်တယ်။ တမန်တော်​တွေကတော့ ထွက်ပြေး​ကုန်​တ​ယ်။ လူအုပ်​က ယေရှုကို ပုရောဟိတ်မင်း အန္နတ်​ဆီ​ခေါ်​သွားပြီး စစ်ဆေးမေးမြန်း​တ​ယ်။ အန္နတ်က ယေရှုကို ပုရောဟိတ်မင်း ကယာဖ​အိမ်​ကို ပို့​လိုက်​ပြန်​တယ်။ တမန်တော်​တွေ ဘာဖြစ်​သွား​လဲ သိလား။

“ဒီ​လောကမှာ ခင်ဗျားတို့ ဆင်းရဲဒုက္ခ​ခံရ​လိမ့်မယ်။ ဒါပေမဲ့ သတ္တိရှိ​ကြပါ။ ဒီလောက​ကို ကျွန်တော် အောင်နိုင်​ပြီ။” —ယောဟန် ၁၆:၃၃