မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၁ နိဒါန်း

အပိုင်း ၁ နိဒါန်း

သမ္မာ​ကျမ်းစာကို စ​ဖတ်​လိုက်တာ​နဲ့ ကောင်းကင်နဲ့ မြေကြီးကို ယေဟောဝါဘုရား ဖန်ဆင်း​တယ်လို့ သိရတယ်။ ယေဟောဝါ ဖန်ဆင်း​ထားတာ​တွေ​က သိပ်​လှ၊ သိပ်ကောင်း​တယ်။ မိဘ​ဖြစ်မယ်ဆိုရင် ဘုရား​ဖန်ဆင်း​ထားတဲ့ အံ့ဩစရာ​တွေအကြောင်း ကလေးကို သင်ပေးပါ။ လူတွေကို တိရစ္ဆာန်တွေနဲ့​မတူ​အောင် ဘုရား​ဖန်ဆင်း​ထား​လို့ လူတွေဟာ စကားပြော​နိုင်တယ်၊ စဉ်းစား​နိုင်တယ်၊ တီထွင်ဖန်တီး​နိုင်တယ်၊ သီချင်းဆို​နိုင်တယ်၊ ဆုတောင်း​နိုင်တယ်​ဆိုတာ ပြောပြပါ။ ယေဟောဝါရဲ့ တန်ခိုး၊ ဉာဏ်​ပညာနဲ့ လူတွေကို​ချစ်တဲ့ ကိုယ်တော့်​မေတ္တာကို လေးမြတ်တန်ဖိုးထား​တတ်ဖို့ သင်ပေးပါ။

ဒီအပိုင်းမှာ

သင်ခန်းစာ ၁

ကောင်းကင်နဲ့ မြေကြီးကို ဘုရားသခင် ဖန်ဆင်း

ကျမ်းစာမှာ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်လို့ ပြောထားတယ်။ ဘုရားသခင်က ဘယ်အရာကိုမှ မဖန်ဆင်းခင် ကောင်းကင်တမန်တစ်ပါးကို ဘာကြောင့် ဖန်ဆင်းခဲ့တာလဲ။

သင်ခန်းစာ ၂

ပထမဆုံး ယောက်ျားနဲ့ မိန်းမကို ဘုရားသခင် ဖန်ဆင်း

ပထမဆုံး ယောက်ျားနဲ့ မိန်းမကို ဘုရားသခင် ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်မှာ နေရာချပေးတယ်။ မိသားစုဘဝကို ပျိုးထောင်ပြီး ကမ္ဘာတစ်ခုလုံးကို ပရဒိသုဖြစ်အောင် လုပ်ရမှာဖြစ်တယ်။