အပိုင်း ၂ နိဒါန်း
ယေဟောဝါဘုရားဟာ ကမ္ဘာကို ဘာလို့ ရေနဲ့လွှမ်းမိုးခဲ့သလဲ။ လူ့သမိုင်းအစမှာ အကောင်းနဲ့အဆိုး တိုက်ပွဲ ဖြစ်ပေါ်လာတယ်။ အာဒံ၊ ဧဝနဲ့ သူတို့သား ကာအိနဟာ အဆိုးကိုလုပ်ဖို့ ရွေးချယ်ခဲ့တယ်။ အာဗေလ၊ နောဧတို့လို လူနည်းနည်းကပဲ ကောင်းတာလုပ်ခဲ့ကြတယ်။ လူတွေဟာ ဆိုးလွန်းလို့ သူတို့ကို ယေဟောဝါ ဖျက်ဆီးခဲ့တယ်။ တို့တွေ လူဆိုးလုပ်မလား၊ လူကောင်းလုပ်မလားဆိုတာ ယေဟောဝါ ကြည့်နေတယ်။ မကောင်းတာတွေကို ယေဟောဝါ အမြဲခွင့်ပြုသွားမှာ မဟုတ်ဘူးဆိုတာ ဒီအပိုင်းမှာ သိသွားမယ်။
ဒီအပိုင်းမှာ
သင်ခန်းစာ ၃
အာဒံနဲ့ဧဝ ဘုရားစကား နားမထောင်ကြ
ဧဒင်ဥယျာဉ်ထဲက အပင်တစ်ပင်ဟာ ဘာကြောင့် ထူးခြားတာလဲ။ အဲဒီအသီးကို ဧဝ ဘာကြောင့် စားခဲ့သလဲ။
သင်ခန်းစာ ၄
ဒေါသထွက်ပြီး လူကိုသတ်
အာဗေလ ပူဇော်တာကို ဘုရားလက်ခံပေမဲ့ ကာအိန ပူဇော်တာကို လက်မခံခဲ့ဘူး။ ဒါကို အာအိန တွေ့တဲ့အခါ ဒေါသထွက်ပြီး ဆိုးသွမ်းတဲ့လုပ်ရပ်ကို လုပ်ခဲ့တယ်။
သင်ခန်းစာ ၅
နောဧသင်္ဘော
ကောင်းကင်တမန်တွေဟာ အမျိုးသမီးတွေနဲ့ လက်ထပ်ကြပြီး အရမ်းထွားကြိုင်း၊ ဗိုလ်ကျတဲ့ သားတွေ မွေးဖွားလာတယ်။ နေရာတိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်နေတယ်။ နောဧကတော့ သူတို့နဲ့မတူဘဲ ဘုရားသခင်ကိုချစ်ပြီး နာခံခဲ့တယ်။
သင်ခန်းစာ ၆
လူရှစ်ယောက် အသက်ရှင်လွတ်မြောက်
ရက် ၄၀၊ ည ၄၀ မိုးရွာတဲ့အတွက် ရေလွှမ်းမိုးခဲ့တယ်။ နောဧနဲ့ သူ့မိသားစုဟာ သင်္ဘောထဲမှာ တစ်နှစ်ကျော် နေခဲ့ရတယ်။ နောက်ဆုံး၊ ဘုရားသခင်က သူတို့ကို သင်္ဘောထဲက ထွက်ခိုင်းတယ်။