မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၄ နိဒါန်း

အပိုင်း ၄ နိဒါန်း

ဒီ​အပိုင်းမှာ ယောသပ်၊ ယောဘ၊ မောရှေ​နဲ့ အစ္စရေး​တွေ​အကြောင်း သိရ​မယ်။ သူတို့အား​လုံး​ဟာ စာတန့်​တိုက်ခိုက်မှု​တွေ အများကြီး ခံ​ခဲ့ရတယ်။ တချို့ဟာ မတရား​ဆက်ဆံခံရ၊ ထောင်ချ​ခံရ၊ ရောင်းစားခံရ၊ အသတ်​တောင်​ခံ​ခဲ့ရတယ်။ ယေဟောဝါက နည်းအမျိုးမျိုး​နဲ့ သူတို့ကို ကာကွယ်​ပေးခဲ့တယ်။ မိဘ​ဖြစ်မယ်ဆိုရင် ယေဟောဝါရဲ့ ကျေးကျွန်​တွေဟာ ယုံကြည်ခြင်း​မ​လျော့​သွား​ဘဲ ဆင်းရဲဒုက္ခ​တွေကို ဘယ်လို​ခံရပ်​ခဲ့တဲ့​အကြောင်း နားလည်အောင် သင်ပေးပါ။

ယေဟောဝါဟာ အီဂျစ်​ဘုရားတွေ​ထက် ပို​တန်ခိုးကြီး​တာ​ကို ပြဖို့ ကပ်ဘေး​ဆယ်ခု သုံးခဲ့​တယ်။ ယေဟောဝါဟာ သူ့​လူမျိုး​ကို အတိတ်​တုန်းက ဘယ်လို ကာကွယ်​ပေးခဲ့တယ်၊ အခုအချိန်မှာ ဘယ်လို ကာကွယ်​ပေးနေတယ်​ဆိုတာ အလေးပေး သင်ပေးပါ။

ဒီအပိုင်းမှာ

သင်ခန်းစာ ၁၄

ဘုရားစကားနားထောင်တဲ့ ကျွန်တစ်ယောက်

ယောသပ်ဟာ မှန်ရာကို လုပ်ပေမဲ့ ဒုက္ခရောက်ခဲ့တယ်။ ဘာကြောင့်လဲ။

သင်ခန်းစာ ၁၅

ယေဟောဝါက ယောသပ်ကို မေ့မထား

ယောသပ်ဟာ မိသားစုနဲ့ ဝေးနေပေမဲ့လည်း ဘုရားသခင်က သူနဲ့အတူ ရှိတယ်ဆိုတာ သက်သေပြခဲ့တယ်။

သင်ခန်းစာ ၁၆

ယောဘက ဘယ်သူလဲ

ခက်ခဲနေတဲ့အချိန်မှာတောင် သူ ယေဟောဝါစကား နားထောင်ခဲ့တယ်။

သင်ခန်းစာ ၁၇

ယေဟောဝါကို ကိုးကွယ်ဖို့ မောရှေ ရွေးချယ်ခဲ့

မောရှေ ကလေးဘဝတုန်းက မိခင်ရဲ့ ထက်မြက်မှုကြောင့် အသက်ရှင်ခဲ့တယ်။

သင်ခန်းစာ ၁၈

မီးလောင်နေတဲ့ ချုံပုတ်

ချုံပုတ်က မီးလောင်နေပေမဲ့ ဘာကြောင့် လောင်ကျွမ်းမသွားတာလဲ။

သင်ခန်းစာ ၁၉

ပထမ ကပ်ဘေးသုံးခု

ဖာရောဟာ မာနကြီးတဲ့အတွက် ရိုးရှင်းတဲ့အလုပ်တစ်ခုကို မလုပ်ဘူး။ ဒါနဲ့ သူ့လူတွေ ဒုက္ခတွေ့တော့တယ်။

သင်ခန်းစာ ၂၀

နောက်ထပ် ကပ်ဘေးခြောက်ခု

ဒီကပ်ဘေးတွေက ပထမသုံးခုနဲ့ ဘယ်လိုကွာသလဲ။

သင်ခန်းစာ ၂၁

ဆယ်ခုမြောက်ကပ်ဘေး

ဆိုးရွားလှတဲ့ ဒီကပ်ဘေးကြောင့် မာနထောင်လွှားလွန်းတဲ့ ဖာရောဟာ နောက်ဆုံး အလျှော့ပေးခဲ့ရတယ်။

သင်ခန်းစာ ၂၂

ပင်လယ်နီက အံ့ဖွယ်ဖြစ်ရပ်

ဖာရောဟာ ကပ်ဘေးဆယ်ခုကနေ လွတ်မြောက်ခဲ့ပေမဲ့ ဘုရားရဲ့ ဒီအံ့ဖွယ်အမှုကနေကော လွတ်မြောက်သလား။