မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၅ နိဒါန်း

အပိုင်း ၅ နိဒါန်း

အစ္စရေး​တွေဟာ ပင်လယ်နီ​ကို ဖြတ်​ပြီး နှစ်​လ​ကြာ​တဲ့အခါ ဆိုင်းနိုင်း​တောင်​ကို ရောက်​လာကြတယ်။ အဲဒီမှာ ယေဟောဝါဟာ အစ္စရေးလူမျိုး​နဲ့ ပဋိညာဉ်​ဖွဲ့​တဲ့​အတွက် သူတို့ဟာ ကိုယ်တော်​ရဲ့ အထူးလူမျိုး ဖြစ်လာတယ်။ ကိုယ်တော်​ဟာ သူတို့​စား​ဖို့ မန္နမုန့်၊ နေဖို့ လုံခြုံ​တဲ့​နေရာ​နဲ့ အဝတ်အစား​တွေ မ​ဟောင်းနွမ်း​အောင် လုပ်ပေး​တဲ့အပြင် ကာကွယ်​ပေးတယ်။ မိဘ​ဖြစ်မယ်ဆိုရင် ယေဟောဝါဟာ အစ္စရေးလူမျိုး​ကို ပညတ်တရား၊ တဲတော်​နဲ့ ပုရောဟိတ်​အဖွဲ့ ဘာကြောင့် ပေးတယ်​ဆိုတာ သင်ပေးပါ။ အဲဒီအပြင် ကတိတည်​ဖို့၊ အမြဲ​နှိမ့်ချ​ဖို့၊ ယေဟောဝါကို အမြဲ​သစ္စာစောင့်သိ​ဖို့ အရေးကြီးတဲ့​အကြောင်း အလေးပေး သင်ပေးပါ။

ဒီအပိုင်းမှာ

သင်ခန်းစာ ၂၃

ယေဟောဝါကို ပေးတဲ့ကတိ

ဆိုင်းနိုင်းတောင်မှာ စခန်းချတဲ့အခါ အစ္စရေးတွေက ဘုရားကို အထူးကတိတစ်ခု ပေးခဲ့တယ်။

သင်ခန်းစာ ၂၄

သူတို့ ကတိဖျက်ကြ

မောရှေက ပညတ်တော်ဆယ်ပါးကို ယူနေတုန်းမှာ လူတွေက အကြီးအကျယ် ပြစ်မှားကြတယ်။

သင်ခန်းစာ ၂၅

ဝတ်ပြုရာတဲတော်

ဒီအထူးတဲထဲမှာ ပဋိညာဉ်သေတ္တာရှိတယ်။

သင်ခန်းစာ ၂၆

သူလျှိုတစ်ဆယ့်နှစ်ယောက်

ယောရှုနဲ့ကာလက်ဟာ ခါနန်ပြည်ကို ထောက်လှမ်းခဲ့တဲ့ တခြားသူလျှိုဆယ်ယောက်နဲ့ မတူဘူး။

သင်ခန်းစာ ၂၇

ယေဟောဝါကို သူတို့ပုန်ကန်ကြ

ကောရ၊ ဒါသန်၊ အဘိယံနဲ့ တခြားသူ ၂၅၀ ဟာ ယေဟောဝါနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ကို နားမလည်ခဲ့ကြဘူး။

သင်ခန်းစာ ၂၈

ဗာလမ်ရဲ့မြည်း စကားပြော

ဗာလမ် မမြင်တာကို ဗာလမ်ရဲ့မြည်း မြင်တယ်။