မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၇ နိဒါန်း

အပိုင်း ၇ နိဒါန်း

ဒီ​အပိုင်း​က ဘုရင်​ရှောလု​နဲ့ ဘုရင်ဒါဝိဒ်​ရဲ့ အနှစ် ၈၀ ကြာ သမိုင်းကြောင်း ဖြစ်တယ်။ ရှောလု​ဟာ အစပိုင်းမှာ နှိမ့်ချ​သူ၊ ဘုရားကို​ကြောက်ရွံ့သူ ဖြစ်တယ်။ နောက်ပိုင်းမှာ ပြောင်းလဲ​သွားပြီး ဘုရား​စကား နားမထောင်​တော့ဘူး။ ဒါနဲ့ ယေဟောဝါ သူ့ကို ငြင်းပယ်​ပြီး အစ္စရေး​ဘုရင်အဖြစ် ဒါဝိဒ်​ကို ဘိသိက်ပေး​ဖို့ ရှမွေလ​ကို ညွှန်ကြားခဲ့တယ်။ ရှောလု​က မနာလို​ဖြစ်ပြီး ဒါဝိဒ်​ကို​သတ်ဖို့ ကြိုးစား​ပေ​မဲ့ ဒါဝိဒ်​က ဘာမှ ပြန်​မလုပ်​ဘူး။ ရှောလု​သား ယောနသန်​ဟာ ဒါဝိဒ်​ကို ဘုရား​ရွေးချယ်​မှန်း​သိ​လို့ ဒါဝိဒ်​ကို သစ္စာရှိ​ခဲ့တယ်။ ဒါဝိဒ်​က အပြစ်ကြီး​တွေ လုပ်ခဲ့​ပေ​မဲ့ ယေဟောဝါရဲ့ ဆုံးမမှု​ကို လက်ခံ​ခဲ့တယ်။ မိဘ​ဖြစ်မယ်ဆိုရင် ဘုရား​အစီအစဉ်​ကို ထောက်ခံဖို့ အရေးကြီးကြောင်း ကလေး​နားလည်အောင် သင်ပေးပါ။

ဒီအပိုင်းမှာ

သင်ခန်းစာ ၃၉

အစ္စရေးနိုင်ငံရဲ့ ပထမဘုရင်

ဘုရားသခင်က အစ္စရေးတွေကို ဦးဆောင်ဖို့ တရားသူကြီးတွေကို ပေးထားပေမဲ့ သူတို့က ဘုရင်တင်မြှောက်ဖို့ တောင်းခံကြတယ်။ ရှမွေလက ရှောလုကို ပထမဘုရင်အနေနဲ့ ဘိသိက်ပေးခဲ့ပေမဲ့ နောက်ပိုင်းမှာ ယေဟောဝါက ရှောလုကို ငြင်းပယ်ခဲ့တယ်။ ဘာကြောင့်လဲ။

သင်ခန်းစာ ၄၀

ဒါဝိဒ်နဲ့ ဂေါလျတ်

ယေဟောဝါက နောက်တက်မယ့်ဘုရင် အဖြစ် ဒါဝိဒ်ကို ရွေးချယ်တယ်။ ဘုရင်ကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာ ဒါဝိဒ် ဖော်ပြတယ်။

သင်ခန်းစာ ၄၁

ဒါဝိဒ်နဲ့ ရှောလု

ဒီလူတွေထဲက တစ်ယောက်ဟာ တခြားတစ်ယောက်ကို ဘာကြောင့် မုန်းတာလဲ။ အမုန်းခံရသူက ဘာလုပ်သလဲ။

သင်ခန်းစာ ၄၂

သတ္တိရှိပြီး သစ္စာစောင့်သိတဲ့ ယောနသန်

ဘုရင့်သားက ဒါဝိဒ်ရဲ့ မိတ်ဆွေကောင်း ဖြစ်တယ်။

သင်ခန်းစာ ၄၃

ဘုရင်ဒါဝိဒ်ရဲ့ အပြစ်

ဆုံးဖြတ်ချက်အမှားက ပြဿနာအများကြီး ဖြစ်ပေါ်စေတယ်။