မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၈ နိဒါန်း

အပိုင်း ၈ နိဒါန်း

ယေဟောဝါဟာ ရှောလမုန်​ကို ထက်မြက်​တဲ့ ဉာဏ်​ပညာပေး​တ​ယ်၊ ဗိမာန်တော် ဆောက်ခွင့်​လည်း​ပေးတယ်။ ဒါပေမဲ့ တဖြည်းဖြည်း ယေဟောဝါကို သူ​စွန့်​သွားတယ်။ မိဘ​ဖြစ်မယ်ဆိုရင်၊ မှား​တဲ့​ဘာသာ​ကို ဝတ်ပြုသူတွေ​ဟာ ရှောလမုန်​ကို ဘုရား​ဆီကနေ ဝေးကွာ​သွား​စေခဲ့တယ်​ဆိုတာ ကလေးကို ရှင်းပြပါ။ အစ္စရေး​နိုင်ငံ နှစ်ခြမ်း​ကွဲ​သွားပြီး မင်းဆိုး​တွေ​က ပြည်သား​တွေကို အယူဖောက်ပြန်​စေတယ်၊ ရုပ်တု​တွေ ကိုးကွယ်​စေတယ်။ အဲဒီအချိန်​မှာ ယေဟောဝါကို သစ္စာစောင့်သိ​တဲ့ ပရောဖက်​တွေဟာ နှိပ်စက်​ခံရပြီး အသတ်​ခံ​ရတယ်။ မြောက်ပိုင်းနိုင်ငံ​က မိဖုရားယေဇဗေလဟာ အဆိုးဆုံးဖြစ်တယ်။ ဒီ​အချိန်​ဟာ အစ္စရေး​သမိုင်း​မှာ တကယ်​ဝမ်းနည်းစရာ​ကောင်းတဲ့​အချိန် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါကို သစ္စာစောင့်သိ​တဲ့ အစ္စရေးတွေ ရှိပါ​သေးတယ်။ သူတို့​ထဲမှာ ဘုရင်​ယောရှဖတ်​နဲ့ ပရောဖက် ဧလိယ ပါတယ်။

ဒီအပိုင်းမှာ

သင်ခန်းစာ ၄၄

ယေဟောဝါကို ဝတ်ပြုဖို့ ဗိမာန်တော်

ဘုရင်ရှောလမုန် တောင်းဆိုတာကို ဘုရားသဘောတူပြီး အထူးအခွင့်အရေးတွေ ပေးတယ်။

သင်ခန်းစာ ၄၅

အစ္စရေးနိုင်ငံ နှစ်ခြမ်းကွဲသွား

အစ္စရေး တော်တော်များများ ယေဟောဝါကို မဝတ်ပြုကြတော့ပါ။

သင်ခန်းစာ ၄၆

ကရမေလတောင်ပေါ်မှာ စမ်းသပ်မှုတစ်ခု ပြုလုပ်ကြ

စစ်မှန်တဲ့ဘုရားက ဘယ်သူလဲ။ ယေဟောဝါလား၊ ဗာလလား။

သင်ခန်းစာ ၄၇

ယေဟောဝါ ဧလိယကို ခွန်အားပေး

သင့်ကိုလည်း ကိုယ်တော် ခွန်အားပေး နိုင်မလား။

သင်ခန်းစာ ၄၈

မုဆိုးမရဲ့သား အသက်ပြန်ရှင်လာ

တစ်အိမ်တည်းမှာ အံ့ဖွယ်ရာ နှစ်ခုဖြစ်ခဲ့တယ်။

သင်ခန်းစာ ၄၉

မိဖုရားဆိုးကို အပြစ်ပေး

နာဗုတ်ရဲ့ စပျစ်ခြံကို လိုချင်လို့ သူ့ကို သတ်ဖို့ ယေဇဗေလ ကြံစည်ခဲ့တယ်။ သူ့ဆိုးညစ်မှုကို ယေဟောဝါ မမြင်ဘဲ မနေခဲ့ဘူး။

သင်ခန်းစာ ၅၀

ယေဟောဝါ ယောရှဖတ်ကို ကာကွယ်ပေး

ရန်သူတွေ ခြိမ်းခြောက်တဲ့အခါ မင်းကောင်း ယောရှဖတ်ဟာ ဆုတောင်းပြီး ဘုရားကို ကိုးစားခဲ့တယ်။