မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၁၀ နိဒါန်း

အပိုင်း ၁၀ နိဒါန်း

ယေဟောဝါဟာ ဘုရင်တကာ​တို့ရဲ့ ဘုရင်​ဖြစ်ပြီး အလိုရှိ​တဲ့​အတိုင်း ထိန်းချုပ်​လုပ်ကိုင်နိုင်စွမ်း​ရှိတဲ့ အရှင် ဖြစ်တယ်။ ဥပမာ၊ ယေရမိ​ကို ရေတွင်း​ထဲကနေ ကယ်နုတ်ခဲ့တယ်။ ရှာဒရက်၊ မေရှက်​နဲ့ အဗေဒနေဂေါ​တို့​ကို တောက်လောင်​နေတဲ့ မီးဖိုကြီးထဲကနေ၊ ဒံယေလ​ကို ခြင်္သေ့တွင်း​ထဲကနေ ကယ်တင်​ခဲ့တယ်။ ဧသတာ​ကို ကာကွယ်​ပေးခဲ့​လို့ အစ္စရေး​တစ်မျိုးလုံး အသက်ချမ်းသာ​ရခဲ့တယ်။ ဆိုးညစ်​မှုတွေ​ကို အမြဲ​ခွင့်ပြုထား​မှာ မဟုတ်ဘူး။ ယေဟောဝါရဲ့​နိုင်ငံ​တော်​ဟာ ဆိုးသွမ်းမှု ရှိရှိသမျှ​ကို ဖယ်ရှားပြီး ကမ္ဘာ​ကို အုပ်ချုပ်​မယ်​ဆိုတာ ရုပ်တုကြီး​နဲ့ သစ်ပင်​ကြီး ကြိုဟောချက်တွေက အာမခံ​တ​ယ်။

ဒီအပိုင်းမှာ

သင်ခန်းစာ ၅၇

ယေဟောဝါက ယေရမိကို ဟောပြောဖို့ စေလွှတ်

လူငယ် ယေရမိ ပြောတာကို အကြီးအကဲတွေ အကြီးအကျယ် စိတ်ဆိုးကြတယ်။

သင်ခန်းစာ ၅၈

ဂျေရုဆလင်မြို့ ပျက်စီးသွား

မှောက်မှားတဲ့ဘုရားတွေကို ဆက်ကိုးကွယ်နေကြလို့ ယုဒပြည်သားတွေကို ယေဟောဝါ စွန့်ပစ်လိုက်တယ်။

သင်ခန်းစာ ၅၉

ယေဟောဝါစကားကို နားထောင်တဲ့ လူငယ်လေးယောက်

ဗာဗုလုန်ပြည်မှာရှိတဲ့ နန်းတော်ထဲမှာတောင် ယုဒလူငယ်တွေက ယေဟောဝါကို သစ္စာရှိဖို့ ဆုံးဖြတ်ထားတယ်။

သင်ခန်းစာ ၆၀

ထာဝစဉ် တည်တံ့နေမယ့် နိုင်ငံတော်

နေဗုခဒ်နေဇာရဲ့ ထူးဆန်းတဲ့အိပ်မက် အဓိပ္ပာယ်ကို ဒံယေလ ရှင်းပြတယ်။

သင်ခန်းစာ ၆၁

သူတို့ ဦးမချကြ

ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့က ဗာဗုလုန်ဘုရင်ရဲ့ ရွှေရုပ်တုကြီးကို ဦးမချကြ။

သင်ခန်းစာ ၆၂

သစ်ပင်ကြီးနဲ့တူတဲ့ နိုင်ငံ

နေဗုခဒ်နေဇာရဲ့ အိပ်မက်က သူ့အနာဂတ်ကို ကြိုဟောပေးတယ်။

သင်ခန်းစာ ၆၃

နံရံပေါ်က စာ

ထူးဆန်းတဲ့စာ ဘယ်အချိန်မှာ ပေါ်လာသလဲ။ ဘာအဓိပ္ပာယ်ရှိသလဲ။

သင်ခန်းစာ ၆၄

ခြင်္သေ့တွင်းထဲက ဒံယေလ

ဒံယေလလို ယေဟောဝါဆီ နေ့တိုင်းဆုတောင်းပါ။

သင်ခန်းစာ ၆၅

ဧသတာ သူ့လူမျိုးကို ကယ်တင်

တိုင်းတစ်ပါးသားဖြစ်ပေမဲ့ မိဘမဲ့ဘဝကနေ မိဖုရား ဖြစ်သွားတယ်။

သင်ခန်းစာ ၆၆

ဘုရားသခင့်ပညတ်တွေကို ဧဇရ သင်ပေး

ဧဇရစကားကို အစ္စရေးတွေ နားထောင်ပြီးနောက် ဘုရားကို ကတိပေးခဲ့တယ်။

သင်ခန်းစာ ၆၇

ဂျေရုဆလင်မြို့ရိုး

ရန်သူတွေက တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ နေဟမိ သတင်းရတယ်။ သူ ဘာကြောင့် မကြောက်တာလဲ။