မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၁၂ နိဒါန်း

အပိုင်း ၁၂ နိဒါန်း

ယေရှုဟာ ကောင်းကင်နိုင်ငံတော်​အကြောင်း​နဲ့ ဘုရားသခင့်နာမည် သန့်ရှင်းမြင့်မြတ်ဖို့၊ နိုင်ငံ​တော်​လာဖို့၊ အလိုတော် မြေကြီး​ပေါ် ပြည့်စုံလာဖို့ ဆုတောင်း​ဖို့ သင်ပေး​ခဲ့တယ်။ မိဘ​ဖြစ်မယ်ဆိုရင် အဲဒီ​ဆုတောင်းချက်​ဟာ ဘာ​အဓိပ္ပာယ်​ရှိမှန်း ကလေးကို ရှင်းပြပါ။ ယေရှုဟာ စာတန်​ကြောင့် သူ့​သစ္စာစောင့်သိမှု​ကို အပျက်​မခံ​ဘူး။ ယေရှုဟာ တမန်တော်​တွေကို ရွေးချယ်​တ​ယ်၊ သူတို့ဟာ နိုင်ငံတော်ရဲ့ အုတ်မြစ်​တွေ ဖြစ်လာတယ်။ စစ်မှန်တဲ့​ဝတ်ပြုရေး​ဘက် ယေရှုရဲ့ ထက်သန်တဲ့​စိတ်​ကို သတိ​ပြုပါ။ ယေရှုဟာ တခြားသူတွေကို ကူညီပေး​ချင်​လို့ ဖျားနာသူ​တွေကို ကုသ​ပေးခဲ့၊ ဆာလောင်နေသူတွေကို ကျွေးမွေး​ခဲ့၊ လူသေ​တွေကို​တောင် အသက်ပြန်ရှင်​အောင် လုပ်ပေးခဲ့တယ်။ ဒီ​နိုင်ငံ​တော် လုပ်ပေး​မယ့်​အရာ​တွေကို ဒီ​အံ့ဖွယ်လုပ်ရပ်​တွေနဲ့ ယေရှု ပြခဲ့တယ်။

ဒီအပိုင်းမှာ

သင်ခန်းစာ ၇၄

ယေရှု မေရှိယဖြစ်လာ

ယေရှုဟာ ဘုရားသခင်ရဲ့ သိုးသငယ်ဖြစ်တယ်လို့ ဘာအဓိပ္ပာယ်နဲ့ ယောဟန်ပြောသလဲ။

သင်ခန်းစာ ၇၅

ယေရှုကို မာရ်နတ်စမ်းသပ်

ယေရှုကို မာရ်နတ် သုံးကြိမ်စမ်းသပ်တယ်။ သူ စမ်းသပ်တဲ့ နည်းသုံးနည်းက ဘာလဲ။ ယေရှု ဘယ်လို တုံ့ပြန်ခဲ့သလဲ။

သင်ခန်းစာ ၇၆

ယေရှု ဗိမာန်တော်ကို ရှင်းလင်း

ဗိမာန်တော်ထဲက တိရစ္ဆာန်တွေကို ယေရှု ဘာကြောင့် မောင်းထုတ်တာလဲ။ ငွေလဲလှယ်သူတွေရဲ့ စားပွဲတွေကို ဘာကြောင့် မှောက်ပစ်လိုက်တာလဲ။

သင်ခန်းစာ ၇၇

ရေတွင်းနားက အမျိုးသမီး

ယာကုပ်ရေတွင်းမှာ ရှမာရိအမျိုးသမီးကို ယေရှု စကားပြောတဲ့အတွက် အမျိုးသမီးအံ့ဩသွားတယ်။ ဘာကြောင့်လဲ။ ယေရှုက ဘယ်သူ့ကိုမှ မပြောပြဖူးတဲ့ ဘာစကားကို ပြောခဲ့သလဲ။

သင်ခန်းစာ ၇၈

ယေရှု နိုင်ငံတော်သတင်း ဟောပြော

ယေရှုဟာ တပည့်တချို့ကို “လူဖမ်းတဲ့ တံငါသည်တွေ” ဖြစ်ဖို့ ဖိတ်ခေါ်တယ်။ နောက်ပိုင်းမှာ တပည့် ၇၀ ကိုလေ့ကျင့်ပေးပြီး သတင်းကောင်းကို သွားဟောပြောစေတယ်။

သင်ခန်းစာ ၇၉

ယေရှု အံ့ဩစရာတွေ လုပ်ပြ

ယေရှု ဘယ်ကိုပဲသွားသွား လူနာတွေ သူ့ဆီလာကြတယ်၊ သူတို့ကို ရောဂါပျောက်စေတယ်။ သေနေတဲ့ ကလေးမလေးကိုတောင် အသက်ပြန်ရှင်စေတယ်။

သင်ခန်းစာ ၈၀

ယေရှု တမန်တော် တစ်ဆယ့်နှစ်ယောက်ကို ရွေးချယ်

သူတို့ကို ဘာလို့ရွေးတာလဲ။ သူတို့ရဲ့ နာမည်တွေကို မှတ်မိသလား။

သင်ခန်းစာ ၈၁

တောင်ပေါ်ဒေသနာ

ရောက်လာတဲ့ လူအုပ်ကြီးကို အဖိုးတန် သင်ခန်းစာတွေ ယေရှု သွန်သင်ပေးတယ်။

သင်ခန်းစာ ၈၂

ယေရှုက တပည့်တွေကို ဆုတောင်းတတ်ဖို့ သင်ပေး

ဘာတွေအတွက် ဆက်ဆုတောင်းနေဖို့ တပည့်တွေကို ပြောသလဲ။

သင်ခန်းစာ ၈၃

ယေရှု လူထောင်နဲ့ချီကို ကျွေးမွေး

ဒီအံ့သြစရာကောင်းတဲ့အလုပ်က ယေရှုနဲ့ ယေဟောဝါအကြောင်း ဘာသိစေသလဲ။

သင်ခန်းစာ ၈၄

ယေရှု ရေပေါ် လမ်းလျှောက်

ဒီအံ့သြစရာအမှုကို တမန်တော်တွေ မြင်တဲ့အခါ ဘယ်လိုခံစားရမလဲ။

သင်ခန်းစာ ၈၅

ယေရှု ဥပုသ်နေ့မှာ ရောဂါကုပေး

ယေရှုလုပ်တာကို လူတချို့ ဘာကြောင့် မကြိုက်တာလဲ။

သင်ခန်းစာ ၈၆

ယေရှုက လာဇရုကို အသက်ပြန်ရှင်လာစေ

ယေရှုက မာရိငိုနေတာ တွေ့တဲ့အခါ သူပါ မျက်ရည်ကျခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာ မျက်ရည်ကျရာကနေ ပျော်ရွှင်လိုက်ကြရတယ်။