မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၁၃ နိဒါန်း

အပိုင်း ၁၃ နိဒါန်း

ယေရှုဟာ မစုံလင်​တဲ့​လူတွေ​အတွက် အသေခံ​ဖို့ မြေကြီး​ပေါ် ဆင်း​လာတာ။ သူသေဆုံးသွားပေ​မဲ့ လောက​ကို အောင်နိုင်​ခဲ့တယ်။ ယေဟောဝါက ယေရှုကို အသက်ပြန်ရှင်​အောင်​လုပ်ပေး​ပြီး သူ့ကို​သစ္စာစောင့်သိ​ကြောင်း ပြခဲ့တယ်။ ယေရှုဟာ သေ​တဲ့​အထိ သူတစ်ပါး​အစေ​ကို ခံ​တ​ယ်၊ အမှား​တွေကို ခွင့်လွှတ်​ပေးတယ်။ ရှင်ပြန်ထမြောက်​ပြီးတော့​လည်း တပည့်​တွေဆီ​လာပြီး ကိုယ်ယောင်ပြ​တ​ယ်။ သူတို့ကိုပေးထား​တဲ့ အရေးကြီးတဲ့​အလုပ်ကို လုပ်​တတ်ဖို့ သင်ပေးတယ်။ မိဘဖြစ်မယ်ဆိုရင် အဲဒီ​အရေးကြီး​အလုပ်ကို လုပ်ဖို့ လို​တဲ့​အကြောင်း ကလေးကို သင်ပေးပါ။

ဒီအပိုင်းမှာ

သင်ခန်းစာ ၈၇

ယေရှုရဲ့ နောက်ဆုံးညစာစားပွဲ

တမန်တော်တွေနဲ့ နောက်ဆုံးအကြိမ် ညစာစားချိန်မှာ ယေရှုက သူတို့ကို အရေးကြီးတဲ့ ညွှန်ကြားချက်တွေ ပေးခဲ့တယ်။

သင်ခန်းစာ ၈၈

ယေရှုကို ဖမ်းဆီးကြ

ယေရှုကို ဖမ်းဆီးဖို့ တုတ်တွေ၊ ဓားတွေကိုင်လာတဲ့ လူအုပ်ကို ယုဒရှကာရုတ် ခေါ်လာတယ်။

သင်ခန်းစာ ၈၉

ယေရှုကို ပေတရု ငြင်းပယ်

ကယာဖရဲ့ အိမ်ခြံဝင်းထဲမှာ ဘာဖြစ်ပျက်ခဲ့သလဲ။ အိမ်ထဲမှာရှိနေတဲ့ ယေရှုရော ဘာဖြစ်ခဲ့သလဲ။

သင်ခန်းစာ ၉၀

ဂေါလဂေါသအရပ်မှာ ယေရှု သေဆုံး

ပိလတ်က ယေရှုကိုသတ်ပစ်ဖို့ ဘာကြောင့် အမိန့်ပေးတာလဲ။

သင်ခန်းစာ ၉၁

ယေရှု ရှင်ပြန်ထမြောက်လာ

ယေရှု အသတ်ခံရပြီးနောက် ဘာအံ့သြစရာတွေ ဖြစ်ပျက်ခဲ့သလဲ။

သင်ခန်းစာ ၉၂

တံငါသည်တွေရှေ့ ယေရှု ကိုယ်ထင်ပြ

သူတို့ကို ယေရှု ဘာပြောသလဲ။

သင်ခန်းစာ ၉၃

ယေရှု ကောင်းကင်ကို တက်သွား

ယေရှု ကောင်းကင်ကို မတက်ခင် တပည့်တွေကို အရေးကြီး ညွှန်ကြားချက်တွေ ပေးခဲ့တယ်။