မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၁၄ နိဒါန်း

အပိုင်း ၁၄ နိဒါန်း

အစောပိုင်း​ခရစ်ယာန်​တွေဟာ ကမ္ဘာ့​အစွန်အဖျား​အထိ နိုင်ငံတော်သတင်း​ကောင်း ဟောခဲ့ကြတယ်။ ဘယ်မှာ​ဟော​ရမယ်​ဆိုတာ ယေရှု ညွှန်ကြားတယ်။ လူတွေရဲ့ မိခင်ဘာသာစကား​နဲ့ သွန်သင်ပေး​ဖို့ အံ့ဖွယ်နည်း​နဲ့ စီစဉ်​ပေးတယ်။ ယေဟောဝါဟာ သူတို့ကို ရဲစွမ်းသတ္တိ​ရှိ​ဖို့​နဲ့ နှိပ်စက်​ညှဉ်းပန်း​မှုတွေ​ကို ခံရပ်နိုင်​ဖို့ ကူညီ​ပေးခဲ့တယ်။

ယေရှုက တမန်တော်​ယောဟန်​ကို စိတ်အာရုံ​နဲ့ ယေဟောဝါရဲ့ ဘုန်းတော်​ကို မြင်​စေတယ်။ ကောင်းကင်နိုင်ငံတော်​ဟာ စာတန်​နဲ့ သူ့ရဲ့​အုပ်ချုပ်မှုကို အနိုင်ရ​ပြီး ထာဝစဉ်​ဖယ်ရှားပစ်တာကို နောက်​စိတ်အာရုံ​တစ်ခုမှာ ယောဟန် မြင်ရ​တ​ယ်။ ဘုရင်​ယေရှုနဲ့ တွဲဖက်​အုပ်ချုပ်သူ ၁၄၄,၀​၀​၀ ကိုလည်း သူ​မြင်​တ​ယ်။ ကမ္ဘာ​တစ်ခုလုံး ပရဒိသု​ဖြစ်လာ​ပြီး အဲဒီမှာ လူတိုင်း ယေဟောဝါကို ငြိမ်သက်၊ စည်းလုံးစွာ အတူတူ​ဝတ်ပြု​နေကြ​တာ​ကိုလည်း သူမြင်ခဲ့တယ်။

ဒီအပိုင်းမှာ

သင်ခန်းစာ ၉၄

တပည့်တွေ သန့်ရှင်းသောစွမ်းအားတော်ရ

သန့်ရှင်းသောစွမ်းအားတော်က သူတို့ကို အံ့သြစရာကောင်းတဲ့ ဘာတန်ခိုး ပေးသလဲ။

သင်ခန်းစာ ၉၅

သူတို့ကို ဘာကမှ မတားဆီးနိုင်

ယေရှုကို သတ်ပစ်ခဲ့တဲ့ ဘာသာရေးခေါင်းဆောင်တွေက တပည့်တော်တွေကို နှုတ်ပိတ်ဖို့ ကြိုးစားပေမဲ့ သူတို့ မအောင်မြင်ဘူး။

သင်ခန်းစာ ၉၆

ယေရှုက ရှောလုကို ရွေးချယ်

ရှောလုဟာ ခရစ်ယာန်တွေကို မုန်းတဲ့ ရန်သူကြီးတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ သူ ပြောင်းလဲတော့မယ်။

သင်ခန်းစာ ၉၇

ကော်နေလိ သန့်ရှင်းသောစွမ်းအားတော် ရရှိ

ဘုရားသခင်က ပေတရုကို ဂျူးမဟုတ်တဲ့ ဒီလူရဲ့အိမ်ကို ဘာကြောင့် သွားခိုင်းတာလဲ။

သင်ခန်းစာ ၉၈

လူအမျိုးမျိုးဆီ ခရစ်ယာန်ဘာသာ ပျံ့နှံ့သွား

တမန်တော်ပေါလုနဲ့ သူရဲ့သာသနာပြု မိတ်ဆွေတွေဟာ ဝေးလံတဲ့ တခြားဒေသတွေမှာ စဟောပြောခဲ့တယ်။

သင်ခန်းစာ ၉၉

ထောင်မှူးတစ်ယောက် အမှန်တရားရ

ဒီသင်ခန်းစာထဲမှာ နတ်ဆိုး၊ မြေငလျင်နဲ့ ဓား ဘယ်လို ပါဝင်ပတ်သက်သလဲ။

သင်ခန်းစာ ၁၀၀

ပေါလုနဲ့ တိမောသေ

သူတို့နှစ်ယောက်ဟာ မိတ်ဆွေတွေ၊ အမှုဆောင်ဖက်တွေအဖြစ် နှစ်အတော်ကြာ တွဲလုပ်ဆောင်ခဲ့ကြတယ်။

သင်ခန်းစာ ၁၀၁

ရောမမြို့ကို ပေါလု အပို့ခံရ

ခရီးစဉ်က အန္တရာယ်များပေမဲ့ ဒီတမန်တော်ကို ဘာကမှ မတားဆီးနိုင်ပါ။

သင်ခန်းစာ ၁၀၂

ယောဟန်ကိုပေးတဲ့ ဗျာဒိတ်တော်

ယေရှုက ယောဟန်ကို အနာဂတ်နဲ့ဆိုင်တဲ့ စိတ်အာရုံတွေ ဆက်တိုက် ပြပေးခဲ့တယ်။

သင်ခန်းစာ ၁၀၃

“နိုင်ငံတော် လာပါစေ”

ဘုရားနိုင်ငံတော်ဟာ မြေကြီးအသက်တာကို ဘယ်လို ပြုပြင်ပြောင်းလဲ ပေးမယ့်အကြောင်း ယောဟန်ကိုပေးတဲ့ ဗျာဒိတ်တော်မှာ ဖော်ပြတယ်။