မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၃

တို့မျှော်လင့်ကိုးစားရာ

တို့မျှော်လင့်ကိုးစားရာ

(ပညာအလိမ္မာ ၁၄:၂၆)

  1. ၁။ ရှင်ယေဟောဝါ မျှော်လင့်ချက် ပေးထား၊

    မြတ်နိုးစွာ ဆုပ်ကိုင်ထား၊

    စိတ်လှုပ်ရှားစေသော မျှော်လင့်ချက်

    တစ်လောကလုံး ကြားသင့်။

    ဒါပေမဲ့ စိုးရွံ့စိတ် ရှိနေလို့

    ကြောက်ရွံ့စိတ် ဖြစ်ပွားနေတာ

    တောက်ပသော မျှော်လင့်ချက်တွေလည်း

    ချက်ချင်း မှေးမှိန်သွားတာ။

    (ထပ်ကျော့ပိုဒ်)

    ကိုယ်တော်သာ မျှော်လင့်ရာ၊

    ခွန်အား၊ ကိုးစားရာ

    လိုအပ်ရာ မှန်သမျှ ဖြည့်ပေး။

    သွန်သင်ချိန်၊ ဟောပြောချိန်၊

    စိတ်ချလက်ချရှိ

    ဘုရားကိုသာ မျှော်ကိုးလို့ပါ။

  2. ၂။ အို ယေဟောဝါ နှလုံးသွင်းစေပါ၊

    မမေ့အောင် မစပါ။

    နှစ်သိမ့်မှု လိုအပ်ချိန် ကူမ

    အခက်အခဲတွေ ကြုံခိုက်မှာ

    ဒီလိုတွေးတာ သိပ်အားရှိစေတာ

    တစ်ဖန်ပြန် ခွန်အားပြည့်လာ

    နာမတော်ကို ပြောပြနိုင်ဖို့

    အစွမ်းသတ္တိ ပြည့်လာ။

    (ထပ်ကျော့ပိုဒ်)

    ကိုယ်တော်သာ မျှော်လင့်ရာ၊

    ခွန်အား၊ ကိုးစားရာ

    လိုအပ်ရာ မှန်သမျှ ဖြည့်ပေး။

    သွန်သင်ချိန်၊ ဟောပြောချိန်၊

    စိတ်ချလက်ချရှိ

    ဘုရားကိုသာ မျှော်ကိုးလို့ပါ။

(ဆာ. ၇၂:၁၃၊ ၁၄။ ပညာ. ၃:၅၊ ၆၊ ၂၆။ ယေ. ၁၇:၇ တို့ကိုလည်း ကြည့်ပါ။)