မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၅

ဘုရားသခင့် အံ့ဖွယ်အမှုတော်များ

ဘုရားသခင့် အံ့ဖွယ်အမှုတော်များ

(ဆာလံ ၁၃၉)

  1. ၁။ အို ဘုရား၊ ကျွန်တော့် အိပ်ခြင်း၊ နိုးခြင်း၊

    ထိုင်ခြင်း၊ ထခြင်း အားလုံး ကိုယ်တော် သိပေ။

    ကြံစည်စိတ်ကူးမှု မှန်သမျှ စစ်ဆေးကာ

    ကျွန်တော့် စကား၊ လျှောက်သောလမ်းများ

    ကိုယ်တော် သိပေ။

    လျှို့ဝှက်စွာ ကျွန်တော့် အရိုးများနဲ့ ကိုယ်အင်္ဂါများ

    ဖွဲ့စည်းမှု ကိုယ်တော် သိ၊

    အစိတ်အပိုင်း ကုန်စင်စွာ မှတ်သားထားနိုင်၊

    ကိုယ်တော့်တန်ခိုး၊ နည်းလမ်းများ

    ချီးမွမ်းဖွယ် ဖြစ်ပေ။

    ကိုယ်တော်ရှင် သိနိုင်စွမ်း ထူးကဲအံ့သြဖွယ်၊

    စိုးရွံ့ဖွယ်ဖြစ်မှန်း ကောင်းစွာ သိပါတယ်။

    မှောင်မိုက် ခြုံလွှမ်းခံရမယ် စိုးထိတ်ချိန်မှာ

    ကိုယ်တော်ရဲ့ စွမ်းအားတော် ထောက်ကူမှာပဲ။

    ကိုယ်တော် ထံတော်မှ၊ အို ယေဟောဝါ၊

    ကျွန်တော် ရှောင်ပုန်းဖို့ အရပ် မရှိပါ။

    ဘယ်လို မှောင်မိုက်၊ ပင်လယ်၊ လွန်မြင့်မား ကောင်းကင်၊

    လွန်နက်ရှိုင်း သင်္ချိုင်းထဲ ပုန်းလည်း

    ကိုယ်တော် မြင်မှာ။

(ဆာ. ၆၆:၃။ ၉၄:၁၉။ ယေ. ၁၇:၁၀ တို့ကိုလည်း ကြည့်ပါ။)