မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၈

တို့ခိုလှုံရာ ယေဟောဝါ

တို့ခိုလှုံရာ ယေဟောဝါ

(ဆာလံ ၉၁)

  1. ၁။ ယေဟောဝါ တို့ခိုလှုံရာ၊

    တို့ကိုးစားတဲ့ ဘုရား။

    အရိပ်တော် တို့ကို ကွယ်ကာ၊

    တို့ရှိရမယ့် နေရာ။

    သစ္စာရှိများ ကာကွယ်ခံရ

    တို့အားကိုးလို့ ရကြောင်း သိကြ။

    ယေဟောဝါ ကြံ့ခိုင်ရဲတိုက်၊

    သစ္စာ တည်ကြည်၊ တရားမျှတ။

  2. ၂။ တို့နီးနား လဲသေသူများ

    ထောင်သောင်းထိ ရှိသော်ငြား၊

    သစ္စာရှိ၊ နူးညံ့သူများ

    ပယ်ငြင်းခြင်း မခံရ

    ဖျက်ဆီးခံရဖို့ မရှိလို့၊

    တုန်လှုပ်ကြောက်ရွံ့ နေဖို့ မလို။

    အတောင်တော်အောက် ခိုလှုံလို့၊

    ကိုယ်တော် တို့အား စောင့်ရှောက်ပေးမှာ။

  3. ၃။ တို့လမ်းမှ ကျော့ကွင်းများကြား

    ကာကွယ်စောင့်ရှောက်ခံရ၊

    တုန်လှုပ်ကြောက် ယိမ်းယိုင်သွားခြင်း

    ဘယ်တော့ မဖြစ်စေရ။

    နေ့ခင်းဘက် ပစ်တဲ့မြားတွေလား၊

    မှောင်မိုက်ည ကြောက်ဖို့ မလိုပါ။

    ယေဟောဝါ တို့ခိုလှုံရာ၊

    တို့ခရီးတစ်လျှောက် စောင့်ရှောက်မှာ။

(ဆာ. ၉၇:၁၀။ ၁၂၁:၃၊ ၅။ ဟေရှာ. ၅၂:၁၂ တို့ကိုလည်း ကြည့်ပါ။)