သီချင်း ၉
တို့ဘုရင် ယေဟောဝါ
-
၁။ ဝမ်းမြောက်၊ ယေဟောဝါ ဘုန်းတော် ချီးမွမ်း၊
ဘုရား ဖြောင့်မတ်ခြင်းအကြောင်း ကောင်းကင် ကြေညာ။
ဘုရား ချီးမွမ်းသီချင်း ဝမ်းမြောက်စွာ သီဆိုကြ၊
စိတ်ဝင်စားစို့ ကြီးမြတ်လုပ်ရပ်များ။
(ထပ်ကျော့ပိုဒ်)
ဝမ်းမြောက်စေ ထက်ကောင်းကင်၊ ကမ္ဘာမြေ ရွှင်လန်းစေ။
ရှင်ယေဟောဝါ တို့ဘုရင် ဖြစ်ပြီ။
ဝမ်းမြောက်စေ ထက်ကောင်းကင်၊ ကမ္ဘာမြေ ရွှင်လန်းစေ။
ရှင်ယေဟောဝါ တို့ဘုရင် ဖြစ်ပြီ။
-
၂။ လူမျိုးတကာမှာ ဘုန်းတော် ချီးမွမ်း၊
ယေဟောဝါသာ ကယ်တင်သော ဘုရား ဖြစ်ပေ။
ရှင်ယေဟောဝါ ဘုရင်၊ ချီးမွမ်းခံထိုက်လှပေ။
တို့ပျပ်ဝပ်ကြ ဘုန်းကြီးပလ္လင်ရှေ့။
(ထပ်ကျော့ပိုဒ်)
ဝမ်းမြောက်စေ ထက်ကောင်းကင်၊ ကမ္ဘာမြေ ရွှင်လန်းစေ။
ရှင်ယေဟောဝါ တို့ဘုရင် ဖြစ်ပြီ။
ဝမ်းမြောက်စေ ထက်ကောင်းကင်၊ ကမ္ဘာမြေ ရွှင်လန်းစေ။
ရှင်ယေဟောဝါ တို့ဘုရင် ဖြစ်ပြီ။
-
၃။ ဘုရား ဖြောင့်မတ်အုပ်ချုပ်မှု တည်ပြီ။
ဘိသိက်ခံတဲ့ချစ်သားကို မင်းမြှောက်လိုက်ပြီ။
ရှက်ကြောက်၊ လက်အောက်ခံကြ၊ ဒီလောကဘုရားများ၊
ဘုရားတစ်ပါးတည်း ချီးမွမ်းခံထိုက်။
(ထပ်ကျော့ပိုဒ်)
ဝမ်းမြောက်စေ ထက်ကောင်းကင်၊ ကမ္ဘာမြေ ရွှင်လန်းစေ။
ရှင်ယေဟောဝါ တို့ဘုရင် ဖြစ်ပြီ။
ဝမ်းမြောက်စေ ထက်ကောင်းကင်၊ ကမ္ဘာမြေ ရွှင်လန်းစေ။
ရှင်ယေဟောဝါ တို့ဘုရင် ဖြစ်ပြီ။
(၁ ရာ. ၁၆:၉။ ဆာ. ၆၈:၂၀။ ၉၇:၆၊ ၇ တို့ကိုလည်း ကြည့်ပါ။)