မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၀

တို့ဘုရား ယေဟောဝါကို ချီးမွမ်းကြ

တို့ဘုရား ယေဟောဝါကို ချီးမွမ်းကြ

(ဆာလံ ၁၄၅:၁၂)

  1. ၁။ ချီးမွမ်းကြ၊ ရှင်ယေဟောဝါကို၊

    ကိုယ်တော့်ဘုန်းနာမ သိစေပါ။

    သတိပေး၊ နေ့တော်ကြီး နီးလာ

    သတိပေးချက် အားလုံးလိုက်နာပါ။

    တို့ဘုရား ကြေညာ၊ ကိုယ်တော်ရဲ့သားဦး

    မင်းအဖြစ် အခု အုပ်စိုးနေ။

    လူတကာထံသို့ သတင်း သယ်ဆောင်စို့

    ဘုရား ကောင်းချီးများအကြောင်းကို။

    (ထပ်ကျော့ပိုဒ်)

    ချီးမွမ်းကြ၊ ရှင်ယေဟောဝါအား၊

    ကြီးမြတ်မှုကို ကမ္ဘာကျော်စေပါ။

  2. ၂။ ချီးမွမ်းကြ၊ မြတ်နာမတော်ကို

    ချီးမြှောက်တေး သီဆို ချီးမွမ်းကြ။

    နှလုံးတွင်း ကျေးဇူးတင်စိတ်ဖြင့်

    ကိုယ်တော့်ဘုန်းကို ရဲရင့်စွာ ကြေညာ။

    မြင့်မြတ်လှ ဘုရား အမှုတော် ကြီးမြတ်ငြား

    နှိမ့်ချလျက် ကောင်းမြတ် လူတိုင်းပေါ်။

    တို့လိုအပ်ရာတွေကို ဘုရားရှင် သိ၊

    ခေါ်သံကြားရင် ကိုယ်တော် နားဆင်။

    (ထပ်ကျော့ပိုဒ်)

    ချီးမွမ်းကြ၊ ရှင်ယေဟောဝါအား၊

    ကြီးမြတ်မှုကို ကမ္ဘာကျော်စေပါ။

(ဆာ. ၈၉:၂၇။ ၁၀၅:၁။ ယေ. ၃၃:၁၁ တို့ကိုလည်း ကြည့်ပါ။)