မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၂

ကြီးမြတ်သောဘုရား ယေဟောဝါ

ကြီးမြတ်သောဘုရား ယေဟောဝါ

(ထွက်မြောက်ရာ ၃၄:၆၊ ၇)

  1. ၁။ ကြီးမြတ် ယေဟောဝါ၊ ချီးမြှောက်ခံထိုက်လှ၊

    ကိုယ်တော်သာ အမြင့်မြတ်ဆုံး၊

    ဂုဏ်တင်ခံထိုက် တစ်ဆူတည်း။

    တန်ခိုးတော်၊ ပညာ၊ မေတ္တာတော် ကြီးလှ။

    ကိုယ်တော်သာ ထာဝရ တည်မှာ။

  2. ၂။ အားနည်းလူသားပါ၊ ပစ်ပယ်မခံရ၊

    ကိုယ်တော့် ကရုဏာ ခံစား၊

    ကိုယ်တော် ကြင်နာကာ သနား။

    လမ်းပြ သင်ပေးလို့၊ ထောက်မ ထူပင့်ကာ

    ကိုယ်တော်သာ အမြဲ ကူမ။

  3. ၃။ ကောင်းကင် မြေကြီးမှာ ဘုန်းတော် ချီးမွမ်းကြ။

    ပျော်ရွှင်စွာ သံမြှင့် တေးဆို၊

    ချီးမွမ်းနေကြ တစ်နေ့လုံး။

    ကြီးမြတ် ယေဟောဝါ၊ ချီးမြှောက်ခံထိုက်လှ၊

    ဂုဏ်တင်တာကို လက်ခံပါ။