မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၂၃

ယေဟောဝါရဲ့ အုပ်ချုပ်မှု စတင်ပြီ

ယေဟောဝါရဲ့ အုပ်ချုပ်မှု စတင်ပြီ

(ဗျာဒိတ် ၁၁:၁၅)

  1. ၁။ ဘုရားနိုင်ငံ အုပ်စိုးပြီ၊

    ချစ်သားတော်အား ချီးမွမ်းကြ။

    ထောင့်ချုပ်ကျောက် ဇိအုန်မှာ အုပ်ချုပ်စိုးစံ။

    ကျယ်လောင် ရွှင်ပျစွာ တေးဆို၊

    ဂုဏ်တင်ပါ တို့ဘုရားကို။

    ကယ်တင်ရှင် ခရစ်တော်

    တို့သခင် နန်းတက်ရပြီ။

    (ထပ်ကျော့ပိုဒ်)

    ဘာယူလာမှာ၊ ယေဟောဝါနိုင်ငံ။

    အမှန်တရား၊ ဖြောင့်မတ်ခြင်း အောင်ပွဲ

    နောက်ဘာယူမှာ၊ ယေဟောဝါနိုင်ငံ။

    ပျော်ရွှင်မှုနဲ့ ဆုံးမဲ့အသက်။

    ချစ်မေတ္တာသစ္စာ တည်သောကြောင့်

    ချီးမွမ်းကြ ချုပ်ခြာရှင်အား။

  2. ၂။ အာဏာရ ခရစ်တော် ရောက်နေ၊ ဘုရားနေ့ နီးကပ်လွန်းနေ။

    စာတန့်စနစ်ဟောင်း ကွယ်ပျောက်မှာ မကြာ။

    အခု လိုက်ဟောနေရမယ်၊ မကြားရသေးသူများ ရှိ။

    သိမ်မွေ့သူများ ကိုယ်တော့်ဘက် ရပ်တည်ကြတော့မယ်။

    (ထပ်ကျော့ပိုဒ်)

    ဘာယူလာမှာ၊ ယေဟောဝါနိုင်ငံ။

    အမှန်တရား၊ ဖြောင့်မတ်ခြင်း အောင်ပွဲ

    နောက်ဘာယူမှာ၊ ယေဟောဝါနိုင်ငံ။

    ပျော်ရွှင်မှုနဲ့ ဆုံးမဲ့အသက်။

    ချစ်မေတ္တာသစ္စာ တည်သောကြောင့်

    ချီးမွမ်းကြ ချုပ်ခြာရှင်အား။

  3. ၃။ ဘုရားနာမနဲ့ ကြွလာ၊ ဘုရားခန့်မင်း တို့လေးမြတ်။

    ကောင်းမြတ်လှ တို့မင်းကို တို့ဦးညွှတ်ကြ။

    ဝင်ကြ မြတ်ဗိမာန်ထဲကို၊ ဘုရားကူမမှု တောင်းစို့။

    မကြာမီ အရာခပ်သိမ်း ကိုယ်တော် အုပ်ချုပ်မယ်။

    (ထပ်ကျော့ပိုဒ်)

    ဘာယူလာမှာ၊ ယေဟောဝါနိုင်ငံ။

    အမှန်တရား၊ ဖြောင့်မတ်ခြင်း အောင်ပွဲ

    နောက်ဘာယူမှာ၊ ယေဟောဝါနိုင်ငံ။

    ပျော်ရွှင်မှုနဲ့ ဆုံးမဲ့အသက်။

    ချစ်မေတ္တာသစ္စာ တည်သောကြောင့်

    ချီးမွမ်းကြ ချုပ်ခြာရှင်အား။

(၂ ရှ. ၇:၂၂။ ဒံ. ၂:၄၄။ ဗျာ. ၇:၁၅ တို့ကိုလည်း ကြည့်ပါ။)