မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၂၄

ယေဟောဝါရဲ့ တောင်တော်ဆီ လာကြ

ယေဟောဝါရဲ့ တောင်တော်ဆီ လာကြ

(ဟေရှာယ ၂:၂-၄)

  1. ၁။ ခေါင်းမော့ပြီး မျှော်ကြည့်ပါ၊

    အမြင့်ဆုံးတောင်ထိပ် အထက်မှာ

    တည်ရှိ ယေဟောဝါရဲ့တောင်၊

    ယနေ့ ချီးမြှင့်ခံရ။

    အဝေးမှ လူတွေ လာကြ၊

    ပင်လယ်ရပ်ခြား နေရာများ၊

    တစ်ယောက်ကို တစ်ယောက် ဖိတ်ခေါ်၊

    ‘ဝတ်ပြုနာခံရန် လာ။’

    အခု အချိန်ရောက်ပြီ၊

    သေးသိမ်သူ အားကြီးလူမျိုး ဖြစ်လာ။

    ငါတို့ ရှင်သန်တိုးပွား၊

    ဘုရားလမ်းညွှန်နဲ့ ကောင်းချီး တွေ့ရ။

    ချုပ်ခြာအာဏာ လက်ခံ၊

    ဘုရားဆီ သန်းချီရောက်လာ။

    ထံတော်မှ လမ်းမလွဲဘဲ

    အစဉ် သစ္စာစောင့်မယ်။

  2. ၂။ ယေရှု အမိန့်ပေးခဲ့၊

    တရားတော် သွားဟောပြောကြ။

    နိုင်ငံတော် သတင်းကောင်းဟာ

    ယနေ့ လူတိုင်းထံ ရောက်။

    အခု ခရစ်တော် အုပ်စိုး၊

    မိမိဘက်ရပ်ဖို့ လှုံ့ဆော်။

    အသံတော်ကြား နှိမ့်ချသူ

    တရားတော် လမ်းပြပါစေ။

    လူအုပ်ကြီး ဆက်တိုးပွား

    တွေ့ရတာ ဝမ်းမြောက်ကြည်နူးစရာ။

    လူတကာ ယေဟောဝါ

    သိအောင် ကူညီခွင့် တို့ရရှိထား။

    အသံမြှင့် ချီးမွမ်းစို့၊

    လူတကာကြားအောင် ဟစ်ကြော်၊

    ‘ယေဟောဝါ့တောင်ကို လာကြ၊

    ထာဝရ နေထိုင်ကြ။’

(ဆာ. ၄၃:၃။ ၉၉:၉။ ဟေရှာ. ၆၀:၂၂။ တ. ၁၆:၅ တို့ကိုလည်း ကြည့်ပါ။)