သီချင်း ၂၈
ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်ခြင်း
(ဆာလံ ၁၅)
-
၁။ ဘုရားမိတ်ဆွေ ဘယ်သူ၊
တဲတော်ထဲ နေမယ့်သူ၊
ဘုရား စိတ်ချစွာ မိတ်ဖွဲ့သောသူ၊
သိကျွမ်းသူ ဘယ်သူလဲ။
နှုတ်တော်ထွက် ခံယူသူ၊
ကိုယ်တော်အား ယုံသောသူ၊
သစ္စာစောင့်သိသူ၊ တရားမျှတသူ၊
အမှန်တရား ကျင့်သူ။
-
၂။ ဘုရားမိတ်ဆွေ ဘယ်သူ၊
ထံတော် ချဉ်းကပ်မယ့်သူ၊
ဘုရား စိတ်တော် ရွှင်လန်းစေမယ့်သူ၊
ထိုသူအား ကိုယ်တော် သိ။
နာမတော် ချီးမြှောက်သူ၊
စကားတော် နာခံသူ၊
သစ္စာရှိ၊ ရိုးသား၊ အမှန်ပြောသူ၊
အားလုံး ကိုယ်တော့် မိတ်ဆွေ။
-
၃။ သောကများ ပုံအပ်လို့၊
နှလုံးဖွင့် ဆုတောင်းစို့။
အပါးတော်နား ဆွဲဆောင်၊ မေတ္တာ ဖွဲ့နှောင်၊
နေ့စဉ် စောင့်ရှောက်ကာကွယ်၊
ဘုရားနဲ့ ထာဝစဉ်
မိတ်ဆွေ ဖြစ်လိုလှပေ။
ဘုရားထက် ကြီးမြတ် မိတ်ဆွေမရှိ၊
ကိုယ်တော် အကောင်းမြတ်ဆုံးပါ။
(ဆာ. ၁၃၉:၁။ ၁ ပေ. ၅:၆၊ ၇ တို့ကိုလည်း ကြည့်ပါ။)