မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၂၉

နာမည်နဲ့ လျော်ညီအောင် နေထိုင်ပါ

နာမည်နဲ့ လျော်ညီအောင် နေထိုင်ပါ

(ဟေရှာယ ၄၃:၁၀-၁၂)

  1. ၁။ မြင့်မြတ် ယေဟောဝါ၊ အနန္တတန်ခိုးရှင်၊

    တရားမျှတ၊ မေတ္တာ ပြည့်ဝစုံလင်။

    သစ္စာနဲ့ အဆုံးမဲ့ ဉာဏ်ပညာ ရင်းမြစ်၊

    ထက်ကောင်းကင်မှာ အုပ်စိုး ဘုရင်အဖြစ်။

    လူမျိုးတော်အနေနဲ့ မှုတော်မှာ မွေ့လျော်၊

    နိုင်ငံတော် အမှန်တရား တို့ကြွေးကြော်။

    (ထပ်ကျော့ပိုဒ်)

    သက်သေခံ ဖြစ်ရခြင်း၊ ကြီးမြတ်ခွင့်ထူးပါ။

    နာမည်နဲ့ လျော်ညီအောင် နေထိုင်လိုပါ။

  2. ၂။ မြင့်မြတ်အမှုတော် လက်တွဲထမ်းရွက်ခြင်းဖြင့်

    ညီအစ်ကိုပမာ မေတ္တာငြိမ်းချမ်း နှောင်ဖွဲ့။

    အမှန်တရား သင်ပြ ဘုန်းတော် ထင်ရှားစေ၊

    ချီးမွမ်းခြင်း တိုးပွားလို့ တို့ပျော်ရွှင်ရ။

    တို့အား ယေဟောဝါနာမဖြင့် သိထားကြ၊

    ခွင့်ထူးရထား ဂုဏ်သတင်း ကျော်စေဖို့။

    (ထပ်ကျော့ပိုဒ်)

    သက်သေခံ ဖြစ်ရခြင်း၊ ကြီးမြတ်ခွင့်ထူးပါ။

    နာမည်နဲ့ လျော်ညီအောင် နေထိုင်လိုပါ။

(တရား. ၃၂:၄။ ဆာ. ၄၃:၃။ ဒံ. ၂:၂၀၊ ၂၁ တို့ကိုလည်း ကြည့်ပါ။)