မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၃၃

သင့်ရဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်ပါ

သင့်ရဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်ပါ

(ဆာလံ ၅၅)

  1. ၁။ ‘နားထောင်ပေးလှည့်ပါ’ ယေဟောဝါ။

    ကိုယ်တော့်ကို တွေ့ခွင့်ပေးပါ။

    ရင်မှာ သောက သိမှတ်ပေးပြီး

    ကြောက်စိတ်ကင်းအောင် မစပါ။

    (ထပ်ကျော့ပိုဒ်)

    ဝန်ကို လွှဲအပ် ယေဟောဝါအား၊

    ထောက်မကယ်တင်မှာကို စိတ်ချထား။

    ကာကွယ်ပေးမှာ သင့်ကို အမြဲ။

    ကိုယ်တော် သစ္စာရှိ၊ မှန်ကန်။

  2. ၂။ တောင်ပံရှိ ချိုးငှက်လို ဖြစ်ရင်

    ဘေးကင်းရာ ပျံသန်းသွားမှာ၊

    ကာကွယ်ပေးပါ မုန်းတီးသူနဲ့

    ဒုက္ခပေးသူများ ရန်မှ။

    (ထပ်ကျော့ပိုဒ်)

    ဝန်ကို လွှဲအပ် ယေဟောဝါအား၊

    ထောက်မကယ်တင်မှာကို စိတ်ချထား။

    ကာကွယ်ပေးမှာ သင့်ကို အမြဲ။

    ကိုယ်တော် သစ္စာရှိ၊ မှန်ကန်။

  3. ၃။ ရှင်ယေဟောဝါ နှစ်သိမ့်ပေးလို့

    စိတ်ငြိမ်သက်မှု အမြဲရ။

    ဝန်ကို ထမ်းဖို့ ကိုယ်တော်ကူမ။

    မေတ္တာရှိ၊ ကြင်နာသနား။

    (ထပ်ကျော့ပိုဒ်)

    ဝန်ကို လွှဲအပ် ယေဟောဝါအား၊

    ထောက်မကယ်တင်မှာကို စိတ်ချထား။

    ကာကွယ်ပေးမှာ သင့်ကို အမြဲ။

    ကိုယ်တော် သစ္စာရှိ၊ မှန်ကန်။

(ဆာ. ၂၂:၅။ ၃၁:၁-၂၄ တို့ကိုလည်း ကြည့်ပါ။)