မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၃၄

သမာဓိရှိရှိ လျှောက်လှမ်းခြင်း

သမာဓိရှိရှိ လျှောက်လှမ်းခြင်း

(ဆာလံ ၂၆)

  1. ၁။ ကျွန်တော့်ရဲ့ သစ္စာကို ကြည့်အကဲခတ်၊

    ကျွန်တော့်သမာဓိနဲ့ ယုံကြည်မှုကို သိမှတ်။

    စစ်ဆေးပါစေ၊ စမ်းသပ်မှု တွေ့ပါစေ၊

    ကျွန်တော့်နှလုံး စင်ကြယ်၊ ကောင်းချီးရဖို့အတွက်။

    (ထပ်ကျော့ပိုဒ်)

    တည်ကြည်ဖြောင့်မတ် သမာဓိလမ်းစဉ်မှာ

    စွဲမြဲစွာ လျှောက်သွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

  2. ၂။ ဆိုးညစ်လှည့်ဖြားသူတွေနဲ့ မထိုင်ပါ။

    မှန်ရာကို မလေးမြတ်သူတွေကို ရွံမုန်းလှ။

    ယေဟောဝါ၊ ကျွန်တော့်အသက်ကို ကြမ်းကြုတ်သူ၊

    လာဘ်စားသူများနဲ့အတူ မနုတ်ယူလိုက်ပါနဲ့။

    (ထပ်ကျော့ပိုဒ်)

    တည်ကြည်ဖြောင့်မတ် သမာဓိလမ်းစဉ်မှာ

    စွဲမြဲစွာ လျှောက်သွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

  3. ၃။ ဗိမာန်တော်မှာ နေဖို့ ကျွန်တော် နှစ်သက်။

    စင်ကြယ်ဝတ်ပြုရေးတွက် နေ့စဉ် ထောက်မပေးလျက်။

    ယဇ်ပလ္လင်ကို လှည့်ပတ်လို့ ရပ်တကာ

    ကြားရတဲ့ထိ ကိုယ်တော့်ကျေးဇူး ချီးမွမ်းလိုပါ။

    (ထပ်ကျော့ပိုဒ်)

    တည်ကြည်ဖြောင့်မတ် သမာဓိလမ်းစဉ်မှာ

    စွဲမြဲစွာ လျှောက်သွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

(ဆာ. ၂၅:၂ ကိုလည်း ကြည့်ပါ။)