မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၃၈

ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်

ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်

(၁ ပေတရု ၅:၁၀)

  1. ၁။ ဘုရားရှင် သင်တို့အား အမှန်တရား သိရှိစေကာ

    မှောင်မိုက်ထဲမှ ခေါ်ဆောင်၊ အလင်းတော်ထဲ။

    ဘုရားရှာ၊ မှန်ရာ လုပ်လိုစိတ် ပြင်းပြဆန္ဒ

    ကိန်းအောင်း သင်တို့နှလုံးမှာ ကိုယ်တော် တွေ့။

    သင်တို့ ကတိပြု အလိုတော် ဆောင်ဖို့။

    ကိုယ်တော် သင်တို့ကို ဆက်ကူညီနေမှာ။

    (ထပ်ကျော့ပိုဒ်)

    သားတော်အသွေးနဲ့ ရွေးထား၊

    သင်တို့ကို ဘုရားပိုင်၊

    သင်တို့ကို မြဲမြံစေ၊

    ခွန်အားလည်း ရှိစေမယ်။

    သင်တို့နဲ့ အမြဲရှိနေပြီး

    ကာကွယ်၊ လမ်းပြမယ်။

    သင်တို့ကို မြဲမြံစေ၊

    ခွန်အားလည်း ရှိစေမယ်။

  2. ၂။ သင်တို့အတွက် ဘုရား ချစ်သားတော် ပေးသနား။

    ဒါကြောင့် သင်တို့ အောင်မြင်မှု ရစေလို။

    ချစ်သားကိုတောင် ရက်ရောစွာ ပေးသနားပါက၊

    စိတ်ချ၊ ခံနိုင်အား ပေးမှာ လွန်သေချာ။

    သင်တို့ပြသော ချစ်ခြင်းနဲ့ ယုံကြည်ခြင်း

    မေ့လျော့မထား၊ စောင့်ရှောက်တော်မူမှာပါ။

    (ထပ်ကျော့ပိုဒ်)

    သားတော်အသွေးနဲ့ ရွေးထား၊

    သင်တို့ကို ဘုရားပိုင်၊

    သင်တို့ကို မြဲမြံစေ၊

    ခွန်အားလည်း ရှိစေမယ်။

    သင်တို့နဲ့ အမြဲရှိနေပြီး

    ကာကွယ်၊ လမ်းပြမယ်။

    သင်တို့ကို မြဲမြံစေ၊

    ခွန်အားလည်း ရှိစေမယ်။

(ရော. ၈:၃၂။ ၁၄:၈၊ ၉။ ဟီ. ၆:၁၀။ ၁ ပေ. ၂:၉ တို့ကိုလည်း ကြည့်ပါ။)