မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၄၂

ဘုရားသခင့် ကျေးကျွန်ရဲ့ ဆုတောင်းစကား

ဘုရားသခင့် ကျေးကျွန်ရဲ့ ဆုတောင်းစကား

(ဧဖက် ၆:၁၈)

  1. ၁။ ကောင်းကင်ဖခင်၊ ယေဟောဝါ၊ တန်ခိုးရှင်၊

    မြတ်နာမ သန့်ရှင်းမြင့်မြတ်ခြင်း ရှိပါစေ။

    အလိုရှိရာအားလုံး ဖြစ်လာစေ။

    နိုင်ငံတော်အတွက် ယုံကြည်စွာ ဆုတောင်း။

    မိန့်တော်ရှိချိန် လာပါစေ။

    ကောင်းချီးများ တွေ့ရပါစေ။

  2. ၂။ နေ့စဉ် ကောင်းချီးများအတွက် ကျေးဇူးကြီးလှ။

    လက်ဆောင်များ မရေတွက်နိုင်လောက်အောင် များလှ။

    အသက်ရဲ့ ရင်းမြစ်၊ အလင်းပေးရှင် ဖြစ်။

    ဉာဏ်၊ ထိုးထွင်းအမြင်၊ ပညာတို့ ပေးထား။

    မေတ္တာလမ်းစဉ် ချီးမွမ်းရင်း

    ကျေးဇူးတင်ပါတယ် နေ့စဉ်။

  3. ၃။ ဒီနေ့ လောက၊ ဆင်းရဲဒုက္ခ များလှ၊

    မျှော်လင့်နှစ်သိမ့်မှုအတွက် ကိုယ်တော်ကို စောင့်မျှော်။

    ဖခင်၊ ကိုယ်တော်ထံ ဝန်ထုပ် ချထား။

    ဆက်လုပ်ဆောင်ဖို့ ဆန္ဒ၊ စွမ်းအား ပေးပါ။

    လိုတော်ဆောင်ဖို့ ကူညီပါ၊

    သစ္စာကတိ တည်လိုပါ။

(ဆာ. ၃၆:၉။ ၅၀:၁၄။ ယော. ၁၆:၃၃။ ယာ. ၁:၅ တို့ကိုလည်း ကြည့်ပါ။)