မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၄၃

ကျေးဇူးတင်ချီးမွမ်းတဲ့ ဆုတောင်းစကား

ကျေးဇူးတင်ချီးမွမ်းတဲ့ ဆုတောင်းစကား

(ဆာလံ ၉၅:၂)

  1. ၁။ ထွတ်မြတ် ယေဟောဝါ၊ ကိုယ်တော်ထံ ဆုတောင်းကြ။

    ကိုယ်တော်ကို ကျေးဇူးတင်ချီးမွမ်းပါတယ်။

    နှလုံးကြွင်းမဲ့ ကိုးစားပြီး ဝတ်ပြုသွားပါမယ်။

    ကိုယ်တော့်စောင့်ရှောက်မှုအောက် ပျော်မွေ့ကြမယ်။

    နေ့စဉ်အမှားများ မစုံလင်ကြောင်း ပြပေ။

    ပြစ်မှားမှုများတွက် ခွင့်လွှတ်မှုကို ရှာ။

    ရွေးနုတ်ဖိုး ပေးကာ ကယ်ထားလို့ ကျေးဇူးတင်။

    အားနည်းမှန်း နားလည်ပေးလို့ ကျေးဇူးတင်။

  2. ၂။ မေတ္တာကရုဏာတော်ကြောင့် ကျေးဇူးကြီးလှ။

    ရင်းနှီးခွင့်ကြောင့် ကိုယ်တော်ကို ကျေးဇူးတင်။

    ကိုယ်တော်အား သိဖို့၊ မှုဆောင်ဖို့ သင်ပေးပါ။

    သစ္စာရှိ၊ မှန်ကန်လမ်းစဉ် ပြသပါ။

    တန်ခိုးကြီးစွမ်းအားတော်ကြောင့် ကျေးဇူးကြီးလှ။

    ဟောပြောဖို့ သတ္တိပေးလို့ ကျေးဇူးတင်။

    မှုတော်မှာ နှိမ့်ချ ရွှင်လန်းအောင် မစပါ။

    မျက်နှာသာကြောင့် ကျွန်တော်များ ကျေးဇူးတင်။

(ဆာ. ၆၅:၂၊ ၄၊ ၁၁။ ဖိ. ၄:၆ တို့ကိုလည်း ကြည့်ပါ။)