မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၄၅

ကျွန်တော့်နှလုံးအကြံအစည်

ကျွန်တော့်နှလုံးအကြံအစည်

(ဆာလံ ၁၉:၁၄)

  1. ၁။ ကျွန်တော့်အကြံအစည် စိတ်ကူးများ၊

    တွေးတောဆင်ခြင်မှု တစ်နေ့တာ၊

    နှစ်သက်တော်မူရာ ဖြစ်စေပါ၊

    မကွာစေ ဘုရားနည်းလမ်းမှာ။

    စိတ်စိုးရိမ်မှုဖြင့် ဝန်လေးကာ

    ငြိမ်သက်မှုမဲ့သော ညများမှာ၊

    ကိုယ်တော့်အကြောင်းနဲ့ ဖြောင့်မတ်ရာ

    တွေးတောဆင်ခြင် နေနိုင်ပါရစေ။

  2. ၂။ သန့်ရှင်း၊ မှန်ကန်ရာ ရှိသမျှ၊

    ကောင်းမြတ်စင်ကြယ်ရာ ရှိသမျှ၊

    အမြဲ ဆင်ခြင်လို့ နှလုံးမှာ

    ငြိမ်သက်ခြင်း လွှမ်းမိုးပြည့်စေပါ။

    အဖိုးထိုက်ပေ အကြံတော်များမှာ

    ရေတွက်မကုန်နိုင် မြောက်မြားလှ။

    ဒါကြောင့် ကိုယ်တော့်တရားများကို

    လေ့ကျက်ဆင်ခြင် နေနိုင်ပါရစေ။