မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၅၁

ဘုရားဆီ တို့ဆက်ကပ်ထား

ဘုရားဆီ တို့ဆက်ကပ်ထား

(မဿဲ ၁၆:၂၄)

  1. ၁။ တို့ကို ဘုရားရှင် ယေဟောဝါ၊ ခရစ်ထံ သွေးဆောင်၊

    အခုကစပြီး တပည့်ဖြစ်အောင်။

    ရှင်ယေဟောဝါ ပလ္လင်မှ

    သမ္မာအလင်း ထွန်းတောက်ပ။

    ယုံကြည်ခြင်းတိုး နှလုံးက၊

    ကိုယ်ကို ငြင်းဖို့ သဘောတူ။

    (ထပ်ကျော့ပိုဒ်)

    တို့ဆက်ကပ်ထား၊ မြတ်ဘုရားအား၊ တို့ရွေးချယ်မှု။

    တို့ရွှင်လန်း ဘုရားနဲ့ ယေရှုတို့ကြောင့်။

  2. ၂။ ဆုတောင်းလျက် တိုးဝင်လျှောက်ထား ယေဟောဝါရှေ့မှောက်

    ထာဝစဉ် ဝတ်ပြု နာခံပါမယ်။

    အနှိုင်းမဲ့ ရွှင်လန်းမှုပေ၊

    တို့ဝမ်းမြောက် ခံစားလျက်နေ၊

    ယေဟောဝါနာမ ဆောင်ထား၊

    နိုင်ငံသတင်း ကြေညာလေ။

    (ထပ်ကျော့ပိုဒ်)

    တို့ဆက်ကပ်ထား၊ မြတ်ဘုရားအား၊ တို့ရွေးချယ်မှု။

    တို့ရွှင်လန်း ဘုရားနဲ့ ယေရှုတို့ကြောင့်။

(ဆာ. ၄၃:၃။ ၁၀၇:၂၂။ ယော. ၆:၄၄ တို့ကိုလည်း ကြည့်ပါ။)