မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၅၆

အမှန်တရားကို ကိုယ်ပိုင်ဖြစ်စေပါ

အမှန်တရားကို ကိုယ်ပိုင်ဖြစ်စေပါ

(ပညာအလိမ္မာ ၃:၁၊ ၂)

  1. ၁။ အမှန်တရားလမ်း အကောင်းဆုံး ဘဝလမ်း ဖြစ်၊

    တခြားသူ သင့်တွက် အသက် မရှင်နိုင်။

    ဒါကြောင့် ယေဟောဝါရဲ့ အကြံဉာဏ် လိုက်လျှောက်ပါ၊

    မိန့်သမျှ အမှန်လို့ ခံယူ။

    (ထပ်ကျော့ပိုဒ်)

    ကိုယ်ပိုင် ဖြစ်စေပါ၊

    ရှင်သန်စေပါ အမှန်တရားကို။

    အမှန်တရား ပိုင်ရင်

    ယေဟောဝါ ပေးသော

    ဝမ်းမြောက်မှု ရရှိနိုင်မှာ။

  2. ၂။ ဘုရားနဲ့ နိုင်ငံတော်တွက် အမှုထမ်းရာမှာ

    သုံးတဲ့အချိန်နဲ့ သင့်ကြိုးပမ်းမှု၊

    ကြွယ်ဝအကျိုးနဲ့ ဘုရား ကောင်းချီးများ ပြည့်လျှံ၊

    အဆုံးမဲ့ အသက် ရစေမှာ။

    (ထပ်ကျော့ပိုဒ်)

    ကိုယ်ပိုင် ဖြစ်စေပါ၊

    ရှင်သန်စေပါ အမှန်တရားကို။

    အမှန်တရား ပိုင်ရင်

    ယေဟောဝါ ပေးသော

    ဝမ်းမြောက်မှု ရရှိနိုင်မှာ။

  3. ၃။ ဘုရားနဲ့ နှိုင်းရင် တို့အားလုံး ကလေးများပဲ၊

    ကိုယ်တော့် လမ်းညွှန်နဲ့ အကြံဉာဏ် တို့လို။

    ဒါကြောင့် နေ့ရက်တိုင်း ကောင်းကင်ဖခင်နဲ့ လျှောက်ပါ၊

    ကြွယ်ဝကောင်းချီး အပြည့်ရယူပါ။

    (ထပ်ကျော့ပိုဒ်)

    ကိုယ်ပိုင် ဖြစ်စေပါ၊

    ရှင်သန်စေပါ အမှန်တရားကို။

    အမှန်တရား ပိုင်ရင်

    ယေဟောဝါ ပေးသော

    ဝမ်းမြောက်မှု ရရှိနိုင်မှာ။