မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၅၉

ယေဟောဝါကို အတူ ချီးမွမ်းကြ

ယေဟောဝါကို အတူ ချီးမွမ်းကြ

(ဆာလံ ၁၄၆:၂)

  1. ၁။ ဘုရား ချီးမွမ်း၊

    တေးသီကျူးစို့။

    အသက်နဲ့ ကောင်းရာများ ကိုယ်တော် ပေးထား။

    နေ့ညအစဉ်

    နာမ ချီးမွမ်း။

    ကြီးမြတ်တန်ခိုး၊ မေတ္တာအတွက် ချီးမွမ်း။

    သီဆိုချီးမွမ်း၊ နာမတော် တို့ဝန်ခံ။

  2. ၂။ ဘုရား ချီးမွမ်း၊

    တောင်းဆု နားညောင်း၊

    ကျေနပ်အားရစွာ လိုအပ်ရာ ဖြည့်ပေး။

    အားနည်းသူကို

    လက်တော်နဲ့ ထူ၊

    နှိမ့်ချသူအား စွမ်းအားတော်နဲ့ ထောက်မ။

    နာမ တို့ချီးမွမ်း၊ တန်ခိုးတော် ပြောကြား။

  3. ၃။ ဘုရား ချီးမွမ်း၊

    တရားမျှတရှင်၊

    နှစ်သိမ့်ခြင်းဘုရား တို့အားကိုးယုံကြည်။

    အမှားကို ပြုပြင်၊

    နှလုံး ငြိမ်းစေ။

    နိုင်ငံတော် ကောင်းချီး အားလုံး ခံစားကြ။

    လာကြ၊ ဝမ်းမြောက်ထက်သန်စွာ ချီးမွမ်းကြ။