မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၆၁

သက်သေများ ရှေ့သို့ချီပါ

သက်သေများ ရှေ့သို့ချီပါ

(လုကာ ၁၆:၁၆)

  1. ၁။ မြဲခိုင်စွာ ရပ်တည်ကြ ဒီနောက်ဆုံးချိန်မှာ၊

    အသင့် ကျွန်တော်များ၊ ကာကွယ်ကြ သတင်းကောင်းအား။

    တို့ကို မာရ်နတ် ဆန့်ကျင်တိုက်ခိုက်ပါစေ

    ရှင်ယေဟောဝါ ထောက်မပေး၊ တို့ခံရပ်မလေ။

    (ထပ်ကျော့ပိုဒ်)

    ရှေ့တိုးချီတက် တည်ကြည်လျက် သက်သေခံတို့များ၊

    ဘုရားအမှုတော်မှာ ပါဝင်ခွင့်ကြောင့် ဝမ်းမြောက်ကြ။

    ပရဒိ နီးလာ၊ ကောင်းချီးများ ရောက်လာတော့မှာ၊

    လူနေရပ်တကာမှာ လိုက်ဟောပြောကြ။

  2. ၂။ ဘုရားကျွန်များ ရေသာခိုဘဝ မရှာ၊

    ဒီလောကအုပ်စိုးရှင် အကြိုက်မကြိုးစားပါ။

    အပြစ်မစွန်းထင်း၊ ဖြူစင်သက်တာ၊

    သမာဓိခိုင်မြဲဖို့တွက် တို့စောင့်ထိန်းမှာ။

    (ထပ်ကျော့ပိုဒ်)

    ရှေ့တိုးချီတက် တည်ကြည်လျက် သက်သေခံတို့များ၊

    ဘုရားအမှုတော်မှာ ပါဝင်ခွင့်ကြောင့် ဝမ်းမြောက်ကြ။

    ပရဒိ နီးလာ၊ ကောင်းချီးများ ရောက်လာတော့မှာ၊

    လူနေရပ်တကာမှာ လိုက်ဟောပြောကြ။

  3. ၃။ ဘေးချိတ်၊ လှောင်ကြ၊ ဘုရားနဲ့ နိုင်ငံတော်ကို၊

    နာမတော် ထိပါး၊ မြင့်မြတ်ခြင်း ပယ်ငြင်းခံရ။

    သန့်ရှင်းမြင့်မြတ်စေဖို့ ဆောင်ရွက်ကြ၊

    ကြေညာပါ လူမျိုးအားလုံး သိစေဖို့ရာ။

    (ထပ်ကျော့ပိုဒ်)

    ရှေ့တိုးချီတက် တည်ကြည်လျက် သက်သေခံတို့များ၊

    ဘုရားအမှုတော်မှာ ပါဝင်ခွင့်ကြောင့် ဝမ်းမြောက်ကြ။

    ပရဒိ နီးလာ၊ ကောင်းချီးများ ရောက်လာတော့မှာ၊

    လူနေရပ်တကာမှာ လိုက်ဟောပြောကြ။

(ထွ. ၉:၁၆။ ဖိ. ၁:၇။ ၂ တိ. ၂:၃၊ ၄။ ယာ. ၁:၂၇ တို့ကိုလည်း ကြည့်ပါ။)