မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၆၃

တို့ယေဟောဝါသက်သေများ

တို့ယေဟောဝါသက်သေများ

(ဟေရှာယ ၄၃:၁၀-၁၂)

  1. ၁။ သစ်သား၊ ကျောက် ဘုရား လုပ်ကြ၊

    စစ်မှန်ဘုရား မသိကြ။

    အနန္တရှင် ဖြစ်ကြောင်း၊

    ဖော်ပြ ထပ်ထပ်ခါ။

    တခြားဘုရားများမှာတော့

    မြင်နိုင်စွမ်းမဲ့ ရှေ့ဖြစ်များ။

    သူတို့ဘုရား ဖြစ်ကြောင်း အထောက်အထား

    ခိုင်လုံတဲ့ သက်သေ ရှာမရ။

    (ထပ်ကျော့ပိုဒ်)

    တို့ယေဟောဝါသက်သေများ၊

    မကြောက်၊ ရဲရင့်စွာ ပြောကြ။

    ပရောဖက်ပြုတိုင်းမှန် တို့ဘုရား၊

    အမိန့်တော်အတိုင်း ဖြစ်ပျက်လာ။

  2. ၂။ ဘုရားနာမ ကျော်စောဖို့၊

    တို့သက်သေများ လိုက်ဟောစို့။

    မကြောက်တမ်း တို့ကြွေးကြော်၊

    နိုင်ငံသတင်းတော်။

    လွတ်ခွင့်ပေး အမှန်တရား

    လူတွေ သိဖို့ တို့ကူညီ။

    များလာသူတွေ တို့နဲ့ တူတကွ၊

    သီဆိုကာ ဘုန်းတော် ဂုဏ်တင်ကြ။

    (ထပ်ကျော့ပိုဒ်)

    တို့ယေဟောဝါသက်သေများ၊

    မကြောက်၊ ရဲရင့်စွာ ပြောကြ။

    ပရောဖက်ပြုတိုင်းမှန် တို့ဘုရား၊

    အမိန့်တော်အတိုင်း ဖြစ်ပျက်လာ။

  3. ၃။ တို့သက်သေကြောင့် နာမမြတ်၊

    ဂုဏ်ဖျက်မရ၊ ချီးမြှောက်ခံ။

    သရေဖျက်သူများတွက်

    သတိပေးချက် မှန်။

    ဘုရားဆီ ပြန်လှည့်သူများ၊

    ခွင့်လွှတ်ခြင်း ကမ်းလှမ်းခံရ။

    ဝမ်းမြောက်၊ ငြိမ်သက်ခြင်း၊ အသက်ထာဝရ၊

    အကြွင်းမဲ့ ဆည်းကပ်ခြင်း ယူဆောင်လာ။

    (ထပ်ကျော့ပိုဒ်)

    တို့ယေဟောဝါသက်သေများ၊

    မကြောက်၊ ရဲရင့်စွာ ပြောကြ။

    ပရောဖက်ပြုတိုင်းမှန် တို့ဘုရား၊

    အမိန့်တော်အတိုင်း ဖြစ်ပျက်လာ။

(ဟေရှာ. ၃၇:၁၉။ ၅၅:၁၁။ ယေဇ. ၃:၁၉ တို့ကိုလည်း ကြည့်ပါ။)