သီချင်း ၆၆
သတင်းကောင်း ကြေညာ
-
၁။ ကြာမြင့်စွာ ဖုံးကွယ်လာ နိုင်ငံတော် အမှန်တရား။
ကတိတော်မျိုးနွယ် အဖြစ်မှန် အခု ပေါ်လာ။
ယေဟောဝါ၊ မှန်ရာ နှစ်သက်သော ကရုဏာရှင်
အပြစ်ရှိလူသား အခြေအနေကို ထောက်စာ။
မြေကြီး အုပ်ချုပ်ဖို့ သားတော်ကို ဘုရား ပြင်ထား၊
ဘုရား အချိန်တန်၊ နိုင်ငံတော် အုပ်ချုပ်မှု မွေးဖွား။
သားတော်အတွက် သတို့သမီး စီစဉ်ပေးဖို့၊
ရွေးချယ်ခံရ သိုးစုငယ်အား ဘုန်းထင်ရှားစေ။
-
၂။ အခု ကြေညာ သတင်းကောင်း ရှေးတုန်းက ကြိုသိ။
ခုချိန်ခါ ဖော်ပြဖို့ ယေဟောဝါ အလိုတော်ရှိ။
ကောင်းကင်တမန်များ တို့များနဲ့ ပါဝင်နွှဲပျော်၊
နိုင်ငံတော် အမှန်တရား ကြေညာရာ ကူညီဖော်။
နာမတော် သန့်ရှင်းမြင့်မြတ်စေခြင်း၊ ချီးမွမ်းခြင်း
အခွင့်ထူးနဲ့ တာဝန်အဖြစ် တို့များ ရရှိထား။
သက်သေခံများအဖြစ် နာမတော် ဆောင်ယူခွင့်၊
ထာဝရသတင်းကောင်း ကြေညာခွင့် ချီးမြှင့်ခံရ။
(မာ. ၄:၁၁။ တ. ၅:၃၁။ ၁ ကော. ၂:၁၊ ၇ တို့ကိုလည်း ကြည့်ပါ။)