မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၆၇

“တရားစကားကို ဟောပြောပါ”

“တရားစကားကို ဟောပြောပါ”

(၂ တိမောသေ ၄:၂)

  1. ၁။ ဒီနေ့ ဘုရား တို့ကို မိန့်ကြား၊

    မိန့်တော်မြတ်ကို လိုက်နာဖို့ တို့ဝန်တာ။

    စိတ်ထဲရှိ မျှော်လင့်တဲ့အကြောင်းအရာ

    ဝေမျှပေးဖို့ မြဲအသင့်ရှိကြပါ။

    (ထပ်ကျော့ပိုဒ်)

    တရားစကား၊

    လူတကာ သိကြားစေဖို့

    ဟောနေပါ၊

    စနစ်ဆုံးဖို့ အချိန်နီးလို့။

    စိတ်နှိမ့်ချ

    သူတွေကို သိနားလည်စေ၊

    ဟောနေပါ

    အရပ်တကာ။

  2. ၂။ ကြုံလာနိုင် ခက်ခဲချိန်များစွာ၊

    ရင်ဆိုင်ရမှာ ဆန့်ကျင်မှု၊ ရှက်ကွဲစရာ

    ခါခွင့်မသင့်ချိန်မှာ ဟောရလည်း၊

    အကြီးမြတ်ဆုံးဘုရား တို့ကိုးစားမြဲ။

    (ထပ်ကျော့ပိုဒ်)

    တရားစကား၊

    လူတကာ သိကြားစေဖို့

    ဟောနေပါ၊

    စနစ်ဆုံးဖို့ အချိန်နီးလို့။

    စိတ်နှိမ့်ချ

    သူတွေကို သိနားလည်စေ၊

    ဟောနေပါ

    အရပ်တကာ။

  3. ၃။ ကြုံလာနိုင် အခွင့်ခါကောင်းများ၊

    သင်ပြမှု လိုအပ်ရာများ တို့ရထား။

    တို့ကြွေးကြော်ကြ ကယ်တင်ခြင်းကြောင်းရာ၊

    ယေဟောဝါနာမ သန့်ရှင်းဖို့ ထောက်မ။

    (ထပ်ကျော့ပိုဒ်)

    တရားစကား၊

    လူတကာ သိကြားစေဖို့

    ဟောနေပါ၊

    စနစ်ဆုံးဖို့ အချိန်နီးလို့။

    စိတ်နှိမ့်ချ

    သူတွေကို သိနားလည်စေ၊

    ဟောနေပါ

    အရပ်တကာ။

(မ. ၁၀:၇။ ၂၄:၁၄။ တ. ၁၀:၄၂။ ၁ ပေ. ၃:၁၅ တို့ကိုလည်း ကြည့်ပါ။)