မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၆၉

နိုင်ငံတော် အမှုတော်ဆောင်များ ရှေ့သို့ချီကြ

နိုင်ငံတော် အမှုတော်ဆောင်များ ရှေ့သို့ချီကြ

(၂ တိမောသေ ၄:၅)

  1. ၁။ လူမျိုးတကာကို နိုင်ငံတော်အကြောင်း

    လိုက်ဟောပြောဖို့ ချီတက်ကြ။

    လူချင်း မေတ္တာထား၊ နှိမ့်ချသူအား

    ပြတ်သားရပ်တည်ဖို့ ဖေးမ။

    အမှုတော်ဆောင်ခြင်း ထူးမြတ်ခွင့်ရေးပါ၊

    တို့ဝမ်းမြောက်လျက် တရား ကြေညာ။

    လူတို့ဆီ ထွက်သွားပြီး ဆက်ဟောပြော၊

    သန့်ရှင်းနာမတွက် သက်သေခံ။

    (ထပ်ကျော့ပိုဒ်)

    ချီတက်၊ ရဲရဲဟော

    နိုင်ငံတော်သတင်း ပိုမိုပျံ့နှံ့စေ။

    ချီတက်၊ ခိုင်မြဲသစ္စာစောင့်

    ရပ်တည်ကြ ရှင်ယေဟောဝါဘက်။

  2. ၂။ လက်တွဲ တူတကွ အစဉ်ချီတက်၊

    အခြားသိုးနဲ့ အကြွင်းကျန်။

    လူမိန်းမ၊ ယောက်ျား၊ လူအို၊ လူငယ်၊

    အမီလိုက်ကြ အမှန်တရား။

    ဘုရားနိုင်ငံတော် သတင်းကောင်းကို၊

    လူအားလုံး ကြားသိဖို့ လိုပေ။

    ယေဟောဝါ့ခွန်အားဖြင့် တို့ဟောပြော၊

    ဘာမှမကြောက် ကိုယ်တော်ပါရင်။

    (ထပ်ကျော့ပိုဒ်)

    ချီတက်၊ ရဲရဲဟော

    နိုင်ငံတော်သတင်း ပိုမိုပျံ့နှံ့စေ။

    ချီတက်၊ ခိုင်မြဲသစ္စာစောင့်

    ရပ်တည်ကြ ရှင်ယေဟောဝါဘက်။

(ဆာ. ၂၃:၄။ တ. ၄:၂၉၊ ၃၁။ ၁ ပေ. ၂:၂၁ တို့ကိုလည်း ကြည့်ပါ။)