မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၇၁

ငါတို့ ယေဟောဝါရဲ့ တပ်တော်

ငါတို့ ယေဟောဝါရဲ့ တပ်တော်

(ယောလ ၂:၇)

  1. ၁။ ငါတို့ ယေဟောဝါ့ တပ်တော်၊

    ခရစ်တော် ဦးဆောင်နေ။

    စာတန် ဆန့်ကျင်နေသော်လည်း

    စည်းလုံးစွာ ချီတက်နေ၊

    သစ္စာရှိစွာ မှုဆောင်ကာ၊

    ရပ်ဝေးရပ်နီး ဟော၊

    ဆုံးခန်းတိုင် ဆက်ဟောမှာ

    မကြောက်ရဲရင့်စွာ။

    (ထပ်ကျော့ပိုဒ်)

    ငါတို့ ယေဟောဝါ့ တပ်တော်၊

    ရှင်ခရစ်ဘက်တော်သား၊

    “တို့ဘုရား အုပ်စိုးပြီ၊”

    ဝမ်းမြောက်စွာ ကြေညာ။

  2. ၂။ ငါတို့ ယေဟောဝါ့ ကျေးကျွန်၊

    ကိုယ်တော့်သိုး ရှာဖွေ၊

    ဖော်မဲ့၊ လမ်းပျောက်လို့ ကြေကွဲ

    သူတွေကို ရှာလျက်နေ။

    တို့ကြိုးစားရှာ၊ ကျွေးမွေးဖို့၊

    ထပ်ထပ်ခါ လည်ပတ်၊

    တို့နိုင်ငံတော်ခန်းမ၊

    လာဖို့ အမြဲခေါ်ဖိတ်။

    (ထပ်ကျော့ပိုဒ်)

    ငါတို့ ယေဟောဝါ့ တပ်တော်၊

    ရှင်ခရစ်ဘက်တော်သား၊

    “တို့ဘုရား အုပ်စိုးပြီ၊”

    ဝမ်းမြောက်စွာ ကြေညာ။

  3. ၃။ ငါတို့ ယေဟောဝါ့ တပ်တော်၊

    ရှင်ခရစ် အမိန့်တော်အောက်၊

    စုံလင်လက်နက် ဝတ်ဆင်ထား၊

    တည်ကြည်ခိုင်မာလျက်ပေ။

    သတိရှိဖို့ လိုအပ်သော်လည်း

    ဖြောင့်မတ်မှု တည်မြဲ။

    အန္တရာယ် ကြုံတဲ့အခါ

    အမှန်တရား ကိုင်စွဲ။

    (ထပ်ကျော့ပိုဒ်)

    ငါတို့ ယေဟောဝါ့ တပ်တော်၊

    ရှင်ခရစ်ဘက်တော်သား၊

    “တို့ဘုရား အုပ်စိုးပြီ၊”

    ဝမ်းမြောက်စွာ ကြေညာ။

(ဧ. ၆:၁၁၊ ၁၄။ ဖိ. ၁:၇။ ဖိလေ. ၂ တို့ကိုလည်း ကြည့်ပါ။)