မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၇၂

နိုင်ငံတော် အမှန်တရားကို ကြားသိစေခြင်း

နိုင်ငံတော် အမှန်တရားကို ကြားသိစေခြင်း

(တမန်တော် ၂၀:၂၀၊ ၂၁)

  1. ၁။ တစ်ချိန်သောခါ တို့မသိပါ၊

    ခရစ်ယာန် လိုက်သင့် ဘယ်လမ်းစဉ်မှာ။

    ရှင်ယေဟောဝါ ထွန်းလင်းပေး၊

    နိုင်ငံတော် အမှန်တရား ပိုရှင်းရေး။

    တို့သိလာရ အဖအလိုတော်

    ကိုယ်တော့်အုပ်ချုပ်မှုအတိုင်း လိုက်ဖို့။

    ကြေညာဖို့ ယေဟောဝါ့ဘုန်း၊

    သန့်ရှင်းနာမတော်ကို ချီးမြှောက်ကြဖို့။

    ခုသက်သေခံ တွေ့သမျှထံ၊

    တံခါးဝများ လမ်းပေါ်မကျန်။

    အချိန်ယူကာ ကူညီပေးလေ၊

    အမှန်တရားဖြင့် လွတ်မြောက်စေ။

    ကမ္ဘာတစ်လွှား အားစိုက်ကြိုးစား၊

    ယေဟောဝါ ဝတ်ပြုရေး တိုးပွား။

    စည်းလုံးစွာ မှုတော်ဆောင်စို့၊

    အလုပ်ပြီးပြီ ယေဟောဝါ မိန့်ချိန်ထိ။