မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၇၄

နိုင်ငံတော်တေး ပါဝင်သီဆိုကြ

နိုင်ငံတော်တေး ပါဝင်သီဆိုကြ

(ဆာလံ ၉၈:၁)

  1. ၁။ ဒီတေးသီချင်း၊ ပျော်ရွှင်ဖွယ် အောင်ပွဲသီချင်း၊

    အမြင့်ဆုံးအရှင်အား ချီးမွမ်းသီချင်း။

    မျှော်လင့်ချက်ပေး၊ သစ္စာစောင့်ဖို့ တိုက်တွန်းပေး။

    သီချင်းအကြောင်းကို ဝေမျှကြားသိကြ–

    (ထပ်ကျော့ပိုဒ်)

    ‘လာကိုးကွယ်ကြ၊ ပလ္လင်တော်ရှေ့။

    သားတော်ဘုရင် ဖြစ်ကြောင်း ကြေညာ။

    နိုင်ငံတော်အကြောင်း ဖော်ကျူးသီချင်း သင်ကြပါ၊

    ဦးညွှတ် ဘုရား၊ နာမမြတ် ချီးကျူးကြ။’

  2. ၂။ ဒီတေးသစ်နဲ့ နိုင်ငံတော်အကြောင်း ကြေညာ။

    ခရစ်တော် အုပ်စိုး၊ ပိုင်နက်တော် မြေကမ္ဘာ။

    ကြိုဟောတဲ့အတိုင်း လူမျိုးသစ်တစ်မျိုး ဖွားမြင်၊

    အမွေခံများ ယေရှုမင်းကို ကြိုဆို–

    (ထပ်ကျော့ပိုဒ်)

    ‘လာကိုးကွယ်ကြ၊ ပလ္လင်တော်ရှေ့။

    သားတော်ဘုရင် ဖြစ်ကြောင်း ကြေညာ။

    နိုင်ငံတော်အကြောင်း ဖော်ကျူးသီချင်း သင်ကြပါ၊

    ဦးညွှတ် ဘုရား၊ နာမမြတ် ချီးကျူးကြ။’

  3. ၃။ နှိမ့်ချသူများ နိုင်ငံတော်တေးဆို ကျွမ်းကျင်၊

    တေးသား ရှင်းလှ၊ သတင်း နွေးထွေးတောက်ပ။

    ကမ္ဘာတစ်လွှား လူမြောက်မြားစွာ တတ်သိလာ၊

    သူတို့တစ်ဖန် ခြားသူအား ဖိတ်ကြားပြန်–

    (ထပ်ကျော့ပိုဒ်)

    ‘လာကိုးကွယ်ကြ၊ ပလ္လင်တော်ရှေ့။

    သားတော်ဘုရင် ဖြစ်ကြောင်း ကြေညာ။

    နိုင်ငံတော်အကြောင်း ဖော်ကျူးသီချင်း သင်ကြပါ၊

    ဦးညွှတ် ဘုရား၊ နာမမြတ် ချီးကျူးကြ။’

(ဆာ. ၉၅:၆။ ၁ ပေ. ၂:၉၊ ၁၀။ ဗျာ. ၁၂:၁၀ တို့ကိုလည်း ကြည့်ပါ။)