မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၈၁

ရှေ့ဆောင်ဘဝ

ရှေ့ဆောင်ဘဝ

(ဒေသနာ ၁၁:၆)

  1. ၁။ မနက်လင်းရောင် ထွက်လို့ နေ့သစ် စတာနဲ့လေ၊

    အိမ်မှ ထွက်လာပေမဲ့

    မျက်လုံးများ ငိုက်မျဉ်းဆဲ၊ တို့ဆုတောင်း။

    ဆုံသမျှ လူတွေကို နှုတ်ဆက်ပြုံးပြရင်းနဲ့၊

    တချို့လည်း ခဏရပ်၊

    တချို့လည်း ဖြတ်ကျော်သွား၊ တို့ရပ်မြဲ။

    (ထပ်ကျော့ပိုဒ်)

    တို့တွေ ရွေးတဲ့ ဘဝပါ၊

    ယေဟောဝါတွက် သက်ရှင်။

    စေညွှန်ရာ မှန်သမျှ လုပ်ဆောင်မယ်။

    နေပူမိုးရွာ မရှောင်

    တည်ကြည် စွဲမြဲလုပ်ဆောင်

    ဒီလိုတို့ နေ့တိုင်းပြော– “ကိုယ်တော်ကို ချစ်ပါတယ်။”

  2. ၂။ နေဝင်လင်းရောင် ပျောက်လို့ တစ်နေ့ ဆုံးတာနဲ့လေ၊

    မောပန်းနွမ်းလျပေမဲ့

    ရင်ထဲတို့ ပျော်မဆုံး၊ တို့ဆုတောင်း။

    အကောင်းဆုံး ပေးဆက်ရင်း၊ တို့မြတ်နိုးတဲ့ ဘဝပါ။

    နေ့တိုင်း ကောင်းချီးရလို့

    ယေဟောဝါကို ကျေးဇူးတင်မြဲပဲ။

    (ထပ်ကျော့ပိုဒ်)

    တို့တွေ ရွေးတဲ့ ဘဝပါ၊

    ယေဟောဝါတွက် သက်ရှင်။

    စေညွှန်ရာ မှန်သမျှ လုပ်ဆောင်မယ်။

    နေပူမိုးရွာ မရှောင်

    တည်ကြည် စွဲမြဲလုပ်ဆောင်

    ဒီလိုတို့ နေ့တိုင်းပြော– “ကိုယ်တော်ကို ချစ်ပါတယ်။”

(ယောရှု ၂၄:၁၅။ ဆာ. ၉၂:၂။ ရော. ၁၄:၈ တို့ကိုလည်း ကြည့်ပါ။)