မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၈၇

လာကြ၊ လန်းဆန်းမှု ရယူကြ

လာကြ၊ လန်းဆန်းမှု ရယူကြ

(ဟီဘရူး ၁၀:၂၄၊ ၂၅)

  1. ၁။ လမ်းချော်၊ ဇွတ်တရွတ်နိုင်၊ ထင်ရာစိုင်း လောက၊

    ဘုရားရဲ့ နည်းလမ်း မသိကြ။

    တို့ခြေလှမ်းများ တို့ဘာသာ မစောင့်ထိန်းနိုင်၊

    စိတ်ချရတဲ့ လမ်းညွှန် လိုအပ်။

    တို့ရဲ့အစည်းအဝေးများက တို့စိတ်ကို လန်းစေ၊

    တောက်ပစေ တို့ရဲ့မျှော်လင့်ခြင်း။

    ယုံကြည်ခြင်း တို့တည်ဆောက်ပြီး ကောင်းမှုပြုဖို့၊

    ဆက်လျှောက်လှမ်းဖို့ အားအင်တွေပေး။

    ယေဟောဝါအမိန့်တော်များ တို့မပစ်ပယ်၊

    လုပ်ဆောင်လိုကြ အလိုတော်အား။

    လမ်းမှန်ကို တို့အားညွှန်ပြ တို့အစည်းအဝေးများ၊

    အမှန်တရား ချစ်စိတ်တိုးစေ။

  2. ၂။ ယေဟောဝါ ကောင်းစွာသိ တို့လိုအပ်ရာများ၊

    တို့နားထောင်သင့် အကြံတော်များ။

    တို့စုဝေးကြဖို့ အချိန်ဝယ်ယူခြင်းက

    ဉာဏ်ပညာ ရှိကြောင်းကို ဖော်ပြ။

    ဘုရားကြောက်သောယောက်ျားများ သွန်သင်ပေးလို့

    ပြသနိုင် တို့ရဲ့ယုံကြည်ခြင်း။

    ယုံကြည်ခြင်းမိသားစုက ထောက်မပေးလို့

    ထီးတည်း တို့ဘယ်တော့မှ မဖြစ်။

    ကောင်းမွန်လှသော အချိန်ကို တို့မျှော်စောင့်စဉ်၊

    တို့ချစ်ရသူများနဲ့ စုဝေး။

    တို့ရဲ့အစည်းအဝေးများမှာ ထက်ဉာဏ်ပညာဖြင့်

    အသက်ရှင်နည်းကို တို့သိခွင့်ရ။