မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၈၈

ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သိနားလည်စေပါ

ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သိနားလည်စေပါ

(ဆာလံ ၂၅:၄)

  1. ၁။ တို့ စုရုံးတူတကွ၊ ယေဟောဝါဘုရား၊

    ကိုယ်တော့်ခေါ်ဖိတ်ခြင်း လက်ခံပြီးလာ။

    တရားစကားတော်ဟာ မြင့်မြတ်ပညာရင်းမြစ်၊

    မီးခွက်လို လမ်းခရီးကို အလင်းပေး။

    (ထပ်ကျော့ပိုဒ်)

    နားလည်စေပါ၊ နည်းလမ်းတော်များ သင်ပေး၊

    ပညာရှိ မိန့်တော်မူချက် နားစိုက်စေ။

    မှန်ကန်ဖြောင့်မတ်တဲ့လမ်းကို လျှောက်စေပါ။

    ဘုရား ပညတ်တော်မှာ ပျော်မွေ့စေပါ။

  2. ၂။ မြင့်မားလှ ဉာဏ်ပညာတော် စစ်မကုန်နိုင်၊

    ဘုရား စီရင်ချက်များ စိတ်ချနိုင်။

    တရားစကားတော်ဟာ အဆုံးမဲ့ အံ့သြဖွယ်၊

    အမှန်တရားစကားတော်များ အမြဲတည်။

    (ထပ်ကျော့ပိုဒ်)

    နားလည်စေပါ၊ နည်းလမ်းတော်များ သင်ပေး၊

    ပညာရှိ မိန့်တော်မူချက် နားစိုက်စေ။

    မှန်ကန်ဖြောင့်မတ်တဲ့လမ်းကို လျှောက်စေပါ။

    ဘုရား ပညတ်တော်မှာ ပျော်မွေ့စေပါ။

(ထွ. ၃၃:၁၃။ ဆာ. ၁:၂။ ၁၁၉:၂၇၊ ၃၅၊ ၇၃၊ ၁၀၅ တို့ကိုလည်း ကြည့်ပါ။)