သီချင်း ၈၉
နားထောင်၊ နာခံ၊ ကောင်းချီးစံ
-
၁။ ခရစ်တော့်စကား နားထောင်ကြောင်း တင်ပြစို့လား။
ကိုယ်တော့်သွန်သင်ချက် ထွန်းလင်း ညွှန်ပြပေး၊
ကြားပြီး နားလည်တာက တို့ကို ပျော်ရွှင်စေ၊
နားလည်လို့ နာခံမှ ကောင်းချီးရမှာ။
(ထပ်ကျော့ပိုဒ်)
နားထောင်၊ နာခံ၊ ကောင်းချီးစံ၊
ဘုရားအလိုတော် ကြားရာ။
ပျော်ရွှင်စွာ ငြိမ်ဝပ်ခြင်း ဝင်စားလိုက၊
နားထောင်၊ နာခံ၊ ကောင်းချီးစံ။
-
၂။ အိမ်ပမာ တို့ဘဝလမ်း ကာကွယ်မှုပေး၊
သဲပေါ်မဟုတ်၊ ကျောက်ပေါ်ဆောက်ထားခဲ့ရင်။
ယေရှုရဲ့ မေတ္တာလမ်းညွှန်ကို လိုက်လျှောက်ရင်
ကျောက်သားပေါ်တည်ဘဝ တို့တည်ဆောက်အံ့။
(ထပ်ကျော့ပိုဒ်)
နားထောင်၊ နာခံ၊ ကောင်းချီးစံ၊
ဘုရားအလိုတော် ကြားရာ။
ပျော်ရွှင်စွာ ငြိမ်ဝပ်ခြင်း ဝင်စားလိုက၊
နားထောင်၊ နာခံ၊ ကောင်းချီးစံ။
-
၃။ မြစ်ချောင်းနား အမြစ်စွဲသော သစ်ပင်ပမာ၊
ရာသီအလိုက် သီးပွင့်တဲ့နည်းအတိုင်း၊
ဘုရားသားသမီးအလား နာခံပါက
ကောင်းချီးနဲ့ ဆုံးမဲ့သက်တာ မွေ့လျော်ရ။
(ထပ်ကျော့ပိုဒ်)
နားထောင်၊ နာခံ၊ ကောင်းချီးစံ၊
ဘုရားအလိုတော် ကြားရာ။
ပျော်ရွှင်စွာ ငြိမ်ဝပ်ခြင်း ဝင်စားလိုက၊
နားထောင်၊ နာခံ၊ ကောင်းချီးစံ။
(တရား. ၂၈:၂။ ဆာ. ၁:၃။ ပညာ. ၁၀:၂၂။ မ. ၇:၂၄-၂၇။ လု. ၆:၄၇-၄၉ တို့ကိုလည်း ကြည့်ပါ။)