မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၉၅

လင်းသည်ထက်လင်းလာ

လင်းသည်ထက်လင်းလာ

(ပညာအလိမ္မာ ၄:၁၈)

  1. ၁။ ရှေးပရောဖက်များ ခရစ်တော်အကြောင်း လေ့လာကြ၊

    ညည်းတွားသူအားလုံးအတွက် မျှော်လင့်ချက်။

    စွမ်းအားတော် ဖော်ပြ မေရှိယ ပေါ်လာကာ၊

    ကယ်တင်ခြင်းလမ်းကို ပြင်ဆင်ပေးမှာ။

    မေရှိယ အုပ်စိုးဖို့ အချိန်ရောက်လေပြီ၊

    ကိုယ်တော့်ရောက်ရှိခြင်း ထင်ရှားပြီ။

    ကောင်းကင်တမန်များတောင် စေ့စေ့ကြည့်ရှုကြ၊

    ဒါကို လေ့လာခွင့် ထူးမြတ်လှပါ။

    (ထပ်ကျော့ပိုဒ်)

    ငါတို့လမ်းခရီး လင်းသည်ထက်လင်း။

    အလင်းဆုံးအချိန် တို့လျှောက်ရ။

    ဘုရား ဖွင့်ပြရာများကို ကြည့်ပါ။

    ခြေလှမ်းတိုင်းကို ကိုယ်တော် လမ်းညွှန်။

  2. ၂။ ယုံကြည်စိတ်ချရသောကျွန် သခင်ခန့်ထား၊

    သူမှတစ်ဆင့်ပေး ချိန်တန်အစာ။

    ချိန်တန်အမှန်တရားအလင်း ပိုထွန်းလင်း၊

    နှလုံးကို စေ့ဆော်၊ ဆင်ခြင်စေတာ။

    ငါတို့လမ်း ပိုရှင်း၊ ခြေလှမ်းလည်း ပိုခိုင်မာ၊

    အလင်းဆုံးအချိန် လျှောက်လှမ်းကြ။

    အားလုံး ရှင်ယေဟောဝါကို ကျေးဇူးတင်ပါ၊

    ကိုယ်တော့်လမ်းအတိုင်း လေးမြတ်စွာ လိုက်ကြ။

    (ထပ်ကျော့ပိုဒ်)

    ငါတို့လမ်းခရီး လင်းသည်ထက်လင်း။

    အလင်းဆုံးအချိန် တို့လျှောက်ရ။

    ဘုရား ဖွင့်ပြရာများကို ကြည့်ပါ။

    ခြေလှမ်းတိုင်းကို ကိုယ်တော် လမ်းညွှန်။

(ရော. ၈:၂၂။ ၁ ကော. ၂:၁၀။ ၁ ပေ. ၁:၁၂ တို့ကိုလည်း ကြည့်ပါ။)