သီချင်း ၉၇
ဘုရားစကားမှာ အသက်တည်
(မဿဲ ၄:၄)
-
၁။ ယေဟောဝါ့စကားတော်၊ နှုတ်မြွက်တော်
မှန်သမျှမှာ အသက်တည်။
အစားအစာနဲ့ပဲ သက်မရှင်ရ။
နှုတ်မြွက်တော် ကျင့်သုံးရ။
ငြိမ်သက်ပျော်ရွှင်မှု ရရှိမှာ
အနာဂတ် ပိုလှပ။
(ထပ်ကျော့ပိုဒ်)
အစားအစာနဲ့ပဲ သက်မရှင်ရ၊
နှုတ်မြွက်တော် ကျင့်သုံးရ။
နေ့စဉ် လိုအပ်ရာ ရရှိကြ၊
တရားစကားတော်မှ။
-
၂။ စစ်မှန် မှတ်တမ်း တရားတော်မှာ၊
တည်ကြည်သူတွေ ဖော်ပြ။
သစ္စာရှိ ယောက်ျားမိန်းမများ
ရဲစွမ်းသတ္တိရှိကြ။
ဖတ်လေတိုင်း တို့ခွန်အားရတာ
သူတို့ ခံနိုင်ရည်ပြ။
(ထပ်ကျော့ပိုဒ်)
အစားအစာနဲ့ပဲ သက်မရှင်ရ၊
နှုတ်မြွက်တော် ကျင့်သုံးရ။
နေ့စဉ် လိုအပ်ရာ ရရှိကြ၊
တရားစကားတော်မှ။
-
၃။ နေ့ရက်တိုင်း ကျမ်းစာ တို့ဖတ်ရင်
နှစ်သိမ့်မျှော်လင့်ချက်ရ။
ဒုက္ခ၊ ခက်ခဲမှု တွေ့တဲ့ခါ၊
ဉာဏ်ပညာ ဖော်ပြထား။
လေ့လာမှတ်သားရာ မှန်သမျှ
လေးမြတ်တန်ဖိုးထားစေ။
(ထပ်ကျော့ပိုဒ်)
အစားအစာနဲ့ပဲ သက်မရှင်ရ၊
နှုတ်မြွက်တော် ကျင့်သုံးရ။
နေ့စဉ် လိုအပ်ရာ ရရှိကြ၊
တရားစကားတော်မှ။
(ယောရှု ၁:၈။ ရော. ၁၅:၄ တို့ကိုလည်း ကြည့်ပါ။)