မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၉၉

မြောက်မြားလှတဲ့ ညီအစ်ကိုများ

မြောက်မြားလှတဲ့ ညီအစ်ကိုများ

(ဗျာဒိတ် ၇:၉၊ ၁၀)

  1. ၁။ မြောက်မြားလှတဲ့ ညီအစ်ကိုများ၊

    အခု တိုးပွားများလာ၊

    ယောက်တိုင်း သစ္စာရှိသက်သေ၊

    သမာဓိ ခိုင်မြဲကြ။

    နိုင်ငံနဲ့ လူမျိုးတိုင်းမှ

    ပါဝင်တဲ့ လူအုပ်ကြီး၊

    များသည်ထက်များ၊ တို့ဘုရားရှင်အား

    ချီးမွမ်းသံ ကျယ်လှစွာ။

  2. ၂။ မြောက်မြားလှတဲ့ ညီအစ်ကိုများ၊

    လူမြောက်မြား ကြားသိလို၊

    ကယ်တင်ခြင်း ‘သတင်းကောင်း’ ကို

    ရပ်တကာ တို့ဟောကြ။

    တို့ဟောပြောစဉ် ဖိစီးမှု

    တစ်ခါတလေ ကြုံလည်း၊

    လေးဝန်ကြောင့် ပင်ပန်းသူ လန်းစေဖို့၊

    ယေရှု ဖြေသိမ့်ပေးမှာ။

  3. ၃။ မြောက်မြားလှတဲ့ ညီအစ်ကိုများ၊

    တို့ကို ဘုရား ကြည့်ရှု၊

    မြေပြင်တံတိုင်းထဲ ကွယ်ကာ၊

    နေ့ည ဝတ်ပြုကြရ။

    အလွန် မြောက်မြား တို့အုပ်စု

    နိုင်ငံတော်သတင်း ဟော၊

    ဘုရားလုပ်ဖော်ဆောင်ဖက်များအဖြစ်

    မြေကြီးမှာ ဝတ်ပြုကြ။

(ဟေရှာ. ၅၂:၇။ မ. ၁၁:၂၉။ ဗျာ. ၇:၁၅ တို့ကိုလည်း ကြည့်ပါ။)