မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၀၀

ဧည့်ဝတ်ကျေပွန်ပါ

ဧည့်ဝတ်ကျေပွန်ပါ

(တမန်တော် ၁၇:၇)

  1. ၁။ ယေဟောဝါ စိတ်ရင်းမှန်နဲ့ ဧည့်ဝတ်ကျေပွန်။

    ဘက်မလိုက်၊ အားလုံးကို ဂရုစိုက်စောင့်ရှောက်။

    နေထွက်ပေး၊ မိုးရွာပေး၊ ဘယ်သူမှ ကွက်မထား၊

    အစာ၊ ရွှင်လန်းမှု နှလုံးဖြည့်ပေး။

    နိမ့်ကျသူတွေအား တို့ကူညီတဲ့အခါတိုင်း၊

    ချစ်သားများအဖြစ် ဘုရားတုပရာရောက်။

    တို့ပြတဲ့ ကောင်းမြတ်ခြင်း၊ စစ်မှန်ကြင်နာခြင်းအတွက်

    ဘုရားရှင် ပြန်ပေးဆပ်သွားပါမယ်။

  2. ၂။ ချို့ငဲ့နေသူများကို ကူညီပေးခြင်းမှ

    ရရှိမယ့်အကျိုးကို တို့များ မသိပါ။

    သူစိမ်းပင် ဖြစ်ပါစေ၊ ဧည့်ဝတ်ကျေပွန်စွာဖြင့်

    တို့များ ကူညီစောင့်ရှောက်မှု ပေးကြ။

    ရှေးခေတ်က လုဒိလို ‘လာတည်းပါ’ တို့ပြော။

    အိမ်ထဲ ရောက်တဲ့အခါ ငြိမ်သက်အေးချမ်းရ။

    ဘုရားကို တုပပြီး ကရုဏာစိတ်ထားဖြင့်

    ရိုင်းပင်းသူကို ဘုရားရှင် သိပေ။