မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၀၅

“ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ”

“ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ”

(၁ ယောဟန် ၄:၇၊ ၈)

  1. ၁။ မေတ္တာဖြစ်သော ဘုရားဖိတ်ခေါ်၊

    ‘ငါ့လမ်းစဉ် ချစ်၊ ငါနဲ့ လျှောက်။’

    အိမ်နီးချင်းနဲ့ ဘုရားချစ်ရင်၊

    ကျေးဇူးလုပ်ရပ် နေ့စဉ်ပြု။

    ဘဝမှာ အဓိကထားပါ၊

    တို့ရှာနေတဲ့အသက်တာ။

    မရှုံးနိမ့် ခရစ်ကဲ့သို့ မေတ္တာ။

    တို့တွေအားဖြင့် မြဲထင်ရှား။

  2. ၂။ မှန်တရားချစ်က အလုပ်နဲ့ပြ၊

    စေ့ဆော်ပေး ဘုရားမေတ္တာ။

    ငါတို့ ပျက်ကွက်တဲ့ခါ ထောက်ကူ၊

    ကိုယ်တော့်စွမ်းအား ထူမတ်ပေး။

    ဝန်တိုမှုကင်း၊ ဖြူစင်မေတ္တာ၊

    အရာရာမှာ ကြင်နာသည်းခံ။

    ညီအစ်ကိုပေါ် မေတ္တာတိုးစေ၊

    မေတ္တာစစ်ကို မြည်းနိုင်စေ။

  3. ၃။ နာကြည်းစိတ် ဦးဆောင်ခွင့် မပြု၊

    သင့်လက်တွဲခွင့် မပြုနဲ့။

    မျှော်ကိုးဘုရား လမ်းပြမှုတွက်၊

    လူလူချင်းနဲ့ ဘုရားချစ်၊

    ပြုလေသမျှ မေတ္တာလွှမ်းခြုံ၊

    ပညတ်တော်တွေ သင်ပေးမှာ။

    ဘုရားကဲ့သို့ မေတ္တာမျိုးကို

    အစဉ်အမြဲ ပြနိုင်စေ။