မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၀၆

မေတ္တာတရားကို ပျိုးထောင်ခြင်း

မေတ္တာတရားကို ပျိုးထောင်ခြင်း

(၁ ကောရိန္သု ၁၃:၁-၈)

  1. ၁။ ရိုကျိုးဆုတောင်း တို့ဘုရားရှင်ထံ၊

    ဂုဏ်ရည်တော်များ တို့တုပနိုင်ရန်။

    အရေးကြီးဆုံး ဘုရားဂုဏ်တော်မှာ

    စွမ်းအားတော် လှုံ့ဆော်တဲ့ မေတ္တာပါ။

    အရည်အချင်း၊ ဉာဏ်နဲ့ သတ္တိရှိလည်း

    ချစ်ခြင်း မပါရင် အချည်းနှီးပဲ။

    လှိုက်လှဲ မှန်ကန်မေတ္တာ တောင်းခံစို့၊

    အပြောအလုပ်နဲ့ မေတ္တာပြစို့။

  2. ၂။ မေတ္တာဟာ ရက်ရောစွာ ပေးကမ်းတတ်၊

    ညှာတာစိတ်မွေး၊ အတ္တစိတ်ကင်းတတ်။

    နာကြည်းမုန်းတီးစိတ် ဘယ်တော့ မရှိ။

    ယေရှု သင်သလို ခွင့်လွှတ်တတ်ပေ။

    မေတ္တာကြီးရင် ပြစ်မှားမှုခံနိုင်၊

    ဝန်ထုပ် လွန်စွာပင်ကြီးလည်း သယ်နိုင်။

    ပင်ပန်းခက်ခဲမှုတိုင်း သည်းခံစေ၊

    မေတ္တာဟာ အမြဲထာဝရ တည်ပေ။

(ယော. ၂၁:၁၇။ ၁ ကော. ၁၃:၁၃။ ဂလ. ၆:၂ တို့ကိုလည်း ကြည့်ပါ။)