မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၀၈

ဘုရားရဲ့ ခိုင်မြဲတဲ့မေတ္တာ

ဘုရားရဲ့ ခိုင်မြဲတဲ့မေတ္တာ

(ဟေရှာယ ၅၅:၁-၃)

  1. ၁။ ခိုင်မြဲမေတ္တာ ဘုရား။

    ဘုရားမေတ္တာ တို့ခံစားရ။

    ကိုယ်တော့်မေတ္တာကြောင့် ချစ်သားအား

    စေလွှတ်ရွေးနုတ်စေ ယောက်တိုင်းအား။

    မျှော်လင့်ခြင်း တို့များ ပိုင်ဆိုင်ထား

    ထာဝရ အသက် ရှင်စေမှာ။

    (ထပ်ကျော့ပိုဒ်)

    ဟေ့၊ ရေဆာသူတိုင်း လာလေ၊

    အသက်ရေကို အခမဲ့ သောက်။

    ရေဆာသူတွေ သောက်ပါလေ၊

    မေတ္တာတော် သိမြင်ပါ။

  2. ၂။ ခိုင်မြဲမေတ္တာ ဘုရား။

    အလုပ်များနဲ့ သက်သေပြထား။

    ကိုယ်တော့်မေတ္တာ အလွန်ကြွယ်ဝ၊

    ဘုရင်အဖြစ် ခန့်ထား ယေရှုအား။

    ရည်ရွယ်ချက်များ ပြည့်စုံလာပြီ၊

    ဘုရားနိုင်ငံတော် တည်ထောင်ပြီ။

    (ထပ်ကျော့ပိုဒ်)

    ဟေ့၊ ရေဆာသူတိုင်း လာလေ၊

    အသက်ရေကို အခမဲ့ သောက်။

    ရေဆာသူတွေ သောက်ပါလေ၊

    မေတ္တာတော် သိမြင်ပါ။

  3. ၃။ ခိုင်မြဲမေတ္တာ ဘုရား။

    မေတ္တာပြဖို့ လှုံ့ဆော်စွမ်းအား။

    နှိမ့်ချသူအား တို့ကူညီမှာ၊

    ပညတ်များ စောင့်ထိန်းတတ်စေမှာ။

    ဘုရားကြောက်စိတ်ဖြင့် အမှုဆောင်ကာ၊

    ရဲရင့်စွာ သတင်း လိုက်ဟောမှာ။

    (ထပ်ကျော့ပိုဒ်)

    ဟေ့၊ ရေဆာသူတိုင်း လာလေ၊

    အသက်ရေကို အခမဲ့ သောက်။

    ရေဆာသူတွေ သောက်ပါလေ၊

    မေတ္တာတော် သိမြင်ပါ။

(ဆာ. ၃၃:၅။ ၅၇:၁၀။ ဧ. ၁:၇ တို့ကိုလည်း ကြည့်ပါ။)